သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-28
ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာမှာ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးတွေ ကျရောက်ခဲ့ပါတယ်။
2022-01-28
နှစ်စဉ် အမေရိကန်ဒေါ်လာငွေ တစ်ဘီလီယံလောက်ရနေတဲ့ မြန်မာစစ်တပ်ရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေအပါအဝင် ဝင်ငွေအများဆုံးရတဲ့ သတ္တုတွင်း၊ သစ်လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး စက်ရုံတွေကို အဓိကထား အရေးယူဒဏ်ခတ်တာတွေ လုပ်ရမယ်လို့ HRW က ဆိုပါတယ်။
2022-01-28
အာဏာသိမ်းမှုကြောင့် လူငယ်တွေရဲ့အနာဂတ် ဖျက်ဆီး ခံရပေမယ့် နိုင်ငံတော်သစ်ကို ဇွဲမလျှော့ပဲ တည်ဆောက်သွားမယ်လို့ ပြောလိုက်ပါတယ်။
2022-01-28
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မှာ ပြည်သူတွေက အသံတိတ်သပိတ်လုပ်ဖို့ ပြင်ဆင်နေသလို စစ်တပ် ကလည်း သပိတ်ကိုတားဆီးဖို့ ကြိုးပမ်းနေပါတယ်။
2022-01-28
ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက်ကနေ ဇန်နဝါရီ ၂၈ ရက် ဒီကနေ့ထိ သုံးရက်အတွင်း လူ ရှစ်ဦးအသတ်ခံခဲ့ရပြီး အဲဒီအထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် လေးဦး ပါဝင် တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2022-01-28
နတ်တလင်းမြို့နယ် တံခွန်တိုင်ရွာမှာ အသံတိတ် သပိတ်မှာ မပါဝင်ကြဖို့ လော်စပီကာနဲ့ လိုက်လံ သတိပေးသူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။
2022-01-28
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို ဇန်နဝါရီလ ၂၈ ရက်မှာ ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်လိုက်ပါတယ်။
2022-01-28
ရန်ကုန်မြို့၊ တောင်ဥက္ကလာက ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ လူငယ် ခုနစ်ဦးကို ထောင် ၁၀ နှစ်စီ အမိန့်ချလိုက်ပါတယ်။
2022-01-28
NUG ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet တို့ မနေ့က ဆွေးနွေးခဲ့ပါတယ်။
2022-01-28
ဂန့်ဂေါမြို့နယ်မှာ စစ်အာဏာသိမ်းပြီး တစ်နှစ် အတွင်း အရပ်သား ၃၂ ဦး သေဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
2022-01-28
စစ်အာဏာသိမ်းပြီးတစ်နှစ်အတွင်း ကလေးသူငယ် အနည်းဆုံး တစ်သိန်းခွဲဟာ အိုးအိမ်စွန့် ထွက်ပြေးနေ ရတယ်လို့ Save The Children ကထုတ်ပြန်ပါတယ်။
2022-01-27
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်က ရုရှားနိုင်ငံအလံတင် သင်္ဘောတစ်စီးဟာ ရန်ကုန်မြို့အနီးက သီလဝါ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး၊ ရုရှားနိုင်ငံလုပ် BRDM-2 အမျိုးအစား တင့်ကားတွေကို ချပေးခဲ့တယ်လို့ Myanmar Witness ဝက်ဘ်ဆိုဒ်နဲ့ ပြည်တွင်း သတင်းမီဒီယာ အချို့က သတင်းဖော်ပြခဲ့ပါတယ်။
2022-01-27
ကရင်၊ ကယား၊ ချင်း၊ မကွေး၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်အတော်များများမှာ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတဲ့အတွက် ပြည်သူပိုင်အဆောက်အအုံတွေ၊ ဘုရားကျောင်းတွေ ပျက်ဆီးရသလို ဒေသခံ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကို ဘယ်လိုရပ်တန့်နိုင်ပါမလဲ ..... ။
2022-01-27
စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လေးစားလိုက်နာဖို့ လိုတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Syed Hamid ကဇန်နဝါရီ ၂၅ ရက်နေ့က ပြောဆိုလိုက်တဲ့အကြောင်း Bernama သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2022-01-27
ဒီမိုကရေစီခေတ်မှာ ကိုယ့်စိတ်ကြိုက်အစိုးရ ကိုယ်ရွေးချယ်ခွင့်မရ၊ တစ်နိုင်ငံလုံး စစ်ဖိနပ်အောက် ရောက်ခဲ့ရတဲ့ တစ်နှစ်တာအတွင်း မြန်မာပြည်သူတွေ နေ့စဉ် ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေထဲက ပြန်ပြောပြချင်တဲ့အကြောင်းတွေ၊ ကပ္ဗည်းမှတ်တမ်းတင်ချင်တဲ့ အကြောင်းတွေကို ဒီစာမျက်နှာမှာ ရေးသားမျှဝေနိုင်ပါတယ်။