အမေရိကန်နိုင်ငံခြားရေးအကြံပေး NUG ခေါင်းဆောင်တွေနဲ့ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet တို့ မနေ့က တစ်နာရီကြာဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ Derek Chollet က စစ်အာဏာသိမ်းမှုက ဖန်တီးလိုက်တဲ့ အကျပ်အတည်း အပေါ် တုံ့ပြန်ဆောင်ရွက်ရာမှာ NUG ရဲ့ ဦးဆောင်မှုကို လေးလေးနက်နက် အသိအမှတ် ပြုကြောင်း ပြောဆိုခဲ့သလို မြန်မာပြည်သူတွေကို အမေရိကန်အစိုးရရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် အလျင်အမြန် ပြန်ရောက်ရေးအတွက် ထပ်မံကတိပြုတယ်လို့ ပြောဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ခံစားနေ ရသူတွေကို စာနာကြောင်းနဲ့ တာဝန်ရှိသူတွေ တာဝန်ခံမှု မြှင့်တင်နိုင်ရေးအတွက် ကတိပြု တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG ကလည်း လက်ရှိမြေပြင်မှာတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ လူသားချင်းစာနာ ထောက်ပံ့ရေးတွေမှာ တိုင်းရင်းသားအင်အားစုအဖွဲ့အသီးသီးနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ အပြင် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အာဆီယံနဲ့ ကုလအထူး ကိုယ်စားလှယ်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေအပေါ် သဘောထားတွေကို aပြောဆိုခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။