သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-08
မွန်ပြည်နယ် ကျိုက်ထိုမြို့က ကျိုက်ထီးရိုးစေတီတော်ကို လာကြတဲ့ ဘုရားဖူးတွေဟာ ဘုရားတောင်ပေါ်ရောက်ဖို့အတွက် ကားတွေနဲ့သာ အများဆုံး တက်ကြတော့တာကြောင့် တောင်တက်အထမ်းသမားတွေနဲ့ ဘုရားဖူးတွေကို အမှီပြုရောင်းချနေတဲ့ ဈေးဆိုင်တွေ ဝင်ငွေကျဆင်းလာနေတယ်လို့ သိရပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-01-08
လက်ကျန် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရေးအတွက် သံဃာတော်တစ်ပါး မန္တလေးမြို့ကနေ ရခိုင်ပြည်နယ် ဦးဥတ္တမပန်းခြံအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်နေရာမှာ ဒီကနေ့ မကွေးမြို့ကို ရောက်ရှိနေပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-01-08
Eleven နေ့စဉ်ထုတ်သတင်းစာရဲ့ လွိုင်ကော်မြို့ခံ သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ သတင်းမီဒီယာသမားတွေ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2014-01-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်မြို့ကို ရောက်ရှိခဲ့ပြီးနောက်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-07
လာမယ့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေကို လစာ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပြီး၊ ပင်စင်နဲ့ ဆုကြေးငွေကိုလည်း အချိုးကျတိုးပေးမယ်လို့ လျာထားတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။
2014-01-07
မြန်မာနိုင်ငံက အထည်ချုပ် အလုပ်သမားတွေရဲ့ အခြေခံလုပ်ခ လစာတွေဟာ ပတ်ဝန်းကျင်နိုင်ငံတွေက အခြေအနေ နဲ့ နှိုင်းယှဉ်ကြည့်ရင် အနည်းဆုံးဖြစ်နေတာတွေ့ရတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေးဆောင်ရွက်နေတဲ့ မသက်သက်အောင် က ပြောပါတယ်။
2014-01-07
နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၁၁ ပါတီပူးပေါင်းပြီး ဖယ်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့FDA ကို ဒီနေ့ လက်မှတ်ထိုး ဖွဲ့စည်းလိုက်ပါတယ်။
2014-01-07
မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားနေတဲ့ တမူးမြို့ နယ် နှစ်နိုင်ငံနယ်စပ် နယ်ခြားကျောက်တိုင်အမှတ် 76၊ 77၊ 78 နဲ့ 79 နေရာတွေမှာ မနေ့ကစပြီး နှစ်နိုင်ငံအစိုးရ တာဝန် ရှိသူတွေက မြေတိုင်းတာမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး ရရှိလာတဲ့ အခြေအနေပေါ်မူတည်ပြီး နယ်နိမိတ်တိတိကျကျ သတ်မှတ်ရေးအတွက် အိန္ဒိယအစိုးရနဲ့ ဆက်လက်ဆွေးနွေး သွားမယ်လို့ သိရပါတယ်။
2014-01-07
ဘယ်အစိုးရ၊ ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်ဆိုရင် ပြည်သူတွေ ကို တန်ဖိုးထားရမှာဖြစ်ပြီး၊ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကိုလည်း ပြည်သူတွေကို ပွင့်ပွင့် လင်းလင်း ရှင်းပြရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
2014-01-07
Eleven နေ့စဉ်ထုတ်သတင်းစာရဲ့ ကယားပြည်နယ်အခြေစိုက် သတင်းထောက် မခိုင်ကို လွိုင်ကော်မြို့ နယ် တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေက သတင်းမီဒီယာသမားတွေ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
2014-01-07
လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဟာ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီး က ပေးပို့ထားတဲ့ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၃ သိန်းကျော်ကို အဖွဲ့ ၅ ဖွဲ့ခွဲပြီး လေ့လာသုံးသပ်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
2014-01-07
နိုင်ငံတော်က ချမှတ်ထား တဲ့ ကျေးလက်ဒေသ ဖံ့ွဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တွေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်နိုင်ဖို့ ဒီနေ့ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးကြပါတယ်။
2014-01-07
ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေထဲက တချို့ကို RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။
2014-01-07
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အပါအဝင် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ပုဒ်မတွေ ဖျက်သိမ်းပေးဖို့အတွက် ဇန်နဝါရီလ ၅ ရက်၊ မနေ့က ရန်ကုန် မြို့တော်ခန်းမအနီးမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-01-07
မြန်မာနိုင်ငံက ပြည်တွင်းပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေအတွက် ဂျပန်အစိုးရက လာမယ့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းတစ်ရာနဲ့ ညီမျှတဲ့၊ ဂျပန်ယန်းငွေ ၁ဝ ဘီလျံ ထောက်ပံ့ကူညီသွားမယ်လို့ ဒီကနေ့ ရန်ကုန်မြို့ Chatrium hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။