ဝန်ထမ်းလစာကျပ် ၂ သောင်း တိုးမယ်လို့ သမ္မတပြောကြား


2014.01.07

လာမယ့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေကို လစာ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပြီး၊ ပင်စင်နဲ့ ဆုကြေးငွေကိုလည်း အချိုးကျတိုးပေးမယ်လို့ လျာထားတဲ့အကြောင်း သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ မနေ့မနက်ကပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ရ/သုံး ခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်)အရ ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းရရှိမယ့်ငွေက ကျပ်ငွေဘီလီယံ ၁၆၅၄၄ ရှိပြီး၊ ခန့်မှန်းသုံးငွေ စုစုပေါင်းက ကျပ်ငွေဘီလီယံ ၁၉၂၉၅ ရှိနေတဲ့အတွက်၊ လိုငွေက ကျပ်ငွေ ဘီလီယံ ၂၇၅ဝ ရှိတယ်လို့ ဆိုပါတယ်။

ပညာရေးကဏ္ဍအတွက် မနှစ်က စုစုပေါင်းဘတ်ဂျက်ငွေရဲ့ ၅ ဒသမ ၄၃ ရာခိုင်နှုန်းသုံးခဲ့ပြီး၊ အခုနှစ်မှာ ၅ ဒသမ ၉၂ ရာခိုင်နှုန်းသုံးဖို့၊ ကျန်းမာရေးကဏ္ဍအတွက် မနှစ်က ၃ ဒသမ ၁၅ ရာခိုင်နှုန်းသုံးခဲ့ပြီး၊ ဒီနှစ်မှာ ၃ ဒသမ ၃၈ ရာခိုင်နှုန်းကို တိုးမြှင့်သုံးစွဲဖို့ လျာထားတယ်လို့လည်း ပြောဆိုပါတယ်။

ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်လို့တော့ နိုင်ငံတော် သမ္မတက တစုံတရာ ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။