ကျေးလက်ဒေသ ဖံ့ွဖြိုးရေး CSO, NGO အဖွဲ့များ ပါဝင်မည်


2014.01.07
village_huts_305px.jpg ပဲခူးမြို့အနီးရှိ ကျေးရွာတစ်ခုကို မြင်ရစဉ်
Photo: AFP

နိုင်ငံတော်က ချမှတ်ထားတဲ့ ကျေးလက်ဒေသ ဖံ့ွဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တွေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်နိုင်ဖို့ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေး ကြပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ မွေးမြူရေး၊ ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖံ့ွဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်၊ ကျေး လက်ဒေသ ဖံ့ွဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိ သူတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံ ခဲ့ကြတာပါ။

ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအားလုံး အစိုးရကဆောင်ရွက်နေတဲ့ ဆင်းရဲမွဲတေမှုလျော့ချရေး လုပ်ငန်းအဆင့်တိုင်းမှာ ပါဝင်နိုင်တယ်လို့ မဟာဗျူဟာချမှတ်ရေး လုပ်ငန်းအဖွဲ့ထဲမှာပါဝင်တဲ့ စိမ်းလန်းအမိမြေအဖွဲ့က တာဝန်ရှိသူ ဦးဝင်းမျိုးသူက ဒီနေ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။

နှစ်နှစ်တစ်ကြိမ်ကျင်းပနေတဲ့ အာဆီယံ ကျေးလက်ဒေသဖံ့ွဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးဖိုရမ်မှာ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အာဆီယံအဖွဲ့ဝင် အစိုးရဌာနတွေနဲ့ မြန်မာအစိုးရ အပြင် ပြည်တွင်းဖွံ့ဖြိုးရေး အဖွဲ့အစည်းအားလုံးက ဒေသတွင်း ဆင်းရဲမွဲတေမှုလျော့ချရေး လုပ်ငန်းစဉ်တွေမှာ ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းကို ၂၆ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိလျှော့ချနိုင် ဖို့ နိုင်ငံတော်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာ ၅ရပ်  ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။