မြန်မာ အထည်ချုပ်လုပ်သားများရဲ့လစာ အလွန်အမင်းနိမ့်ကျ
2014.01.07
မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာတွေဟာ ပတ်ဝန်းကျင်နိုင်ငံတွေက အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် အနည်းဆုံးဖြစ်နေတာတွေ့ရတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေးဆောင်ရွက်နေတဲ့ မသက်သက်အောင်က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ နောက်ဆုံးစာရင်းတွေအရ ထိုင်းနိုင်ငံမှာ အထည်ချုပ်အလုပ်သမားတစ်ယောက်ရဲ့လုပ်ခဟာ ၂၄၃ ဒေါ်လာ၊ မြန်မာငွေ နှစ်သိန်းသုံးသောင်းကျော်လောက်ရှိပြီး၊ မလေးရှားနိုင်ငံမှာတော့ ၂၄၇ ဒေါ်လာ၊ မြန်မာငွေနဲ့ဆိုရင် နှစ်သိန်း လေးသောင်းကျော် အသီးသီးရရှိနေကြပါတယ်။
မြန်မာနိုင်ငံမှာတော့ အထည်ချုပ်အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ အလုပ်သင်အဆင့် ၁၆၀၀၀ကျပ်၊ ဒေါ်လာနဲ့ ဆိုရင် ၁၆ ဒေါ်လာ၊ ကျွမ်းကျင်အဆင့် ၃၈၀၀၀ ကျပ်ဝန်းကျင် လက်ရှိဒေါ်လာပေါက်ဈေးနဲ့ဆိုရင် ၃၈ ဒေါ်လာလောက် ရရှိနေကြတယ်လို့ မသက်သက်အောင်က ပြောပါတယ်။
ပတ်ဝန်းကျင်နိုင်ငံတွေက အထည်ချုပ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို နှိုင်းယှဉ်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။