သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-04
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အင်အား နှစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေလို့ ဒေသခံသုံးသောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-04
ဖေဖော်ဝါရီ ၂ ရက်မှာ ဆိုင်ခန်းပိုင်ရှင်တွေကို စစ်ကောင်စီတာဝန်ရှိသူတချို့က ခေါ်တွေ့ပြီး ဆိုင်ခန်း ခြောက်လ ပိတ်သိမ်းဖို့ ပြောဆိုခဲ့တာလို့ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
2024-02-03
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျားရွာအတွင်းကို လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ RFA ကို ပြောပါတယ်။
2024-02-03
အာဏာသိမ်းထားတာ သုံးနှစ်တိတိရှိလာပြီဖြစ်တဲ့ စစ်အကောင်စီအပေါ် ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်ရောက် မြန်မာတွေ နယူးယောက်မြို့နဲ့ ဝါရှင်တန်ဒီစီမြို့တွေမှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။
2024-02-03
စစ်တပ်နဲ့နီးစပ်တဲ့ ကော့သောင်းမြို့ Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် အပါအဝင် ၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်လိုက်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြကြပါတယ်။
2024-02-03
လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) အပြင်ပဒံရွာက နေအိမ်တစ်လုံးရှေ့မှာ ဖေဖော်ဝါရီ ၂ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2024-02-03
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားလေးဦး ဘုရားမရှိခိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး တိုက်ပိတ်ထားပါတယ်။
2024-02-03
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါး အပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-03
ဖားကန့်မြို့နယ် နန့်တိန်ရွာက စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းတပ်စခန်းကို ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
2024-02-03
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က သာဝတ္ထိနဲ့ ကလုံရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် နှစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-03
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်က ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားတဲ့ အကျဉ်းသား နှစ်ဆယ် ဆက်လက်ထိန်းသိမ်းခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်နဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံးတို့က ဖေဖော်ဝါရီလ ၃ ရက် သတင်းထုတ်ပြန်ပါတယ်။
2024-02-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ ရိုဟင်ဂျာ ၃၃ ဦးကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီရွာအနီးမှာ ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီအာဘော် ရခိုင်နေ့စဉ်က ဖေဖော်ဝါရီလ ၃ ရက်မှာ ဖော်ပြပါတယ်။
2024-02-03
မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂ ရက်က နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-02-02
၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၉ ဦးသေဆုံးပြီး နောက်ထပ် ၂၆၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2024-02-02
ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကနေ ချင်းပြည်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။