သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-05
ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးအဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ဒေသခံတွေ ထွက်ပြေးနေကြရသလို တောတောင်တွေကြားမှာ ပိတ်မိနေသူတွေလည်း များနေပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှာ မြေပြို လို့ မကြာခဏ လူပေါင်းများစွာ သေဆုံးနေတာတွေ၊ နှစ်ရှည်ထိမ်းသိမ်းထားရမယ့် တန်ဖိုးကြီးတဲ့ ကျောက်တွေကို ရေတိုအတွင်း အထိန်းအကွပ်မဲ့ ထုတ်လုပ်နေတာတွေကို ဘယ်လိုထိန်းချုပ်ကိုင်တွယ် မလဲဆိုတာ မြန်မာနိုင်ငံမှာ ဖြေရှင်းရမယ့် ပြဿနာကြီး တရပ် ဖြစ်နေပါတယ်။
2018-05-05
ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်နိုင်ရေးမှာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကြန့်ကြာအောင်လုပ်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အမြင်နဲ့ထောက်ပြချက်တွေ ရှိနေပါတယ်။
2018-05-05
‘ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့’ ကို နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးလိုက်ပြီး ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် နိုင်ငံရဲ့ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သန်း ၆,၄ဝဝ ကျော်ဖိုး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မန်လွယ်ရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကယ်တင်ကြ မယ့်အဖွဲ့တွေကို မြောက်ပိုင်းတိုင်းတိုင်းမှူးရဲ့ အမိန့်အရ ဒုက္ခသည်တွေကို ခေါ်ဆောင်ခွင့်မပြုဘူး ဆိုတဲ့အတွက် ကာမိုင်းမြို့အရောက်မှာ ပြန်လည်ညှိနှိုင်းနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ထဲမှာ ပါတဲ့ မြစ်ကြီးနားမြို့ KBC အသင်းတာဝန်ခံ ဆရာခါးလီ ကပြောပါတယ်။
2018-05-05
တပ်မတော်နဲ့ KIA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ ထွက်ပြေးပြီး တောထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ကယ်ထုတ်ဖို့စီစဉ်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကချင်ဘာသာရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းဒေသ ဆိပ်မူကျေးရွာ ဝှေခါရွာမှာ ၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့ မနက်အစောပိုင်းက မြေစာပုံပြိုကျခဲ့တဲ့အတွက် လက်ရှိအချိန်အထိ သေဆုံးသူ ၁၃ ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့တယ်လို့ ဆိပ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ က ပြောပါတယ်။
2018-05-04
ကချင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ KIA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့ သွားရောက် ကယ်ဆယ်ကြမှာဖြစ်ပါတယ်။
2018-05-04
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Syed Hamid Albar ဆာရက် ဟာမစ် အယ်လ်ဘာ က လတ်တလော ရက်ပိုင်းအတွင်း ရိုဟင်ဂျာ ပဋိပက္ခဖြေရှင်းရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွတ်ခဲ့တာကို ကြိုဆိုကြောင်း၊ ဒါပေမဲ့ ခရီးစဉ်က ထွက်ပေါ်လာခဲ့တဲ့ ရလဒ်ကိုတော့ စိတ်ပျက်မိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2018-05-04
အမေရိကန်သမ္မတ ထရမ့်က မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်ပြဿနာ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို စာတစ်စာင်ရေးသားပြီး ထပ်မံကတိပေးလိုက်ပါတယ်။
2018-05-04
ဖေ့စ်ဘွတ်ပေါ်မှာ အုပ်စုလိုက်ဖွဲ့ပြီး အကြမ်းဖက်ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေမှာ အထူးအဖွဲ့တွေဖွဲ့ပြီး အဲဒီလို ကိစ္စတွေကို အလျှင်အမြန် တုန့်ပြန်ကိုင် တွယ်ဆောင်ရွက်ဖို့ စဉ်းစားသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။
2018-05-04
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ကျေးရွာတွေမှာ နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်မီးကို ဒီ၂၀၁၈ ခုနှစ်အတွင်း အပြီး တပ်ဆင်ပေးမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
2018-05-04
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အံတော်ကျေးရွာမှာ သိမ်းဆည်းခံထားရတဲ့ ကျေးရွာပိုင်စားကျက်မြေ ဧက ၂၀၀ ကျော်ကို ပြန်လည်ရရှိရေးအတွက် ရွာခံ ၁၀၀ ကျော် ဒီနေ့ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-05-04
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မန်လွယ်ရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင် ကြတဲ့အဖွဲ့တွေ ကို မြောက်ပိုင်းတိုင်းမှူးရဲ့ အမိန့်အရဆိုပြီး ဒုက္ခသည်တွေကို ခေါ်ဆောင်ခွင့်မပြုတဲ့ အတွက် ဒီနေ့ညနေပိုင်း ကာမိုင်းမြို့အရောက်မှာ ပြန်လည်ညှိနှိုင်းနေရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
2018-05-04
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို မန္တလေးတိုင်းတရားလွှတ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။