အင်အားကြီးအဖွဲ့တွေကြီးစိုးထားတဲ့ ကျောက်စိမ်းမြေကို ဘယ်လို ကိုင်တွယ်မလဲ
2018.05.05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှာ မြေပြိုလို့ မကြာခဏ လူပေါင်းများစွာ သေဆုံးနေတာတွေ၊ နှစ်ရှည်ထိမ်းသိမ်းထားရမယ့် တန်ဖိုးကြီးတဲ့ကျောက်တွေကို ရေတိုအတွင်း အထိန်းအကွပ်မဲ့ ထုတ်လုပ်နေတာတွေကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်မလဲဆိုတာ မြန်မာနိုင်ငံမှာ ဖြေရှင်းရမယ့်ပြဿနာကြီးတရပ် ဖြစ်နေပါတယ်။
ကျောက်စိမ်းကို တရုတ်လူမျိုးတွေ အထွတ်အမြတ်ထား သုံးစွဲကြတာပါ။ ဒါ့အပြင် ကျောက်စိမ်းဆိုတာ သီးနှံလို စိုက်ပျိုးလိုက် ရိတ်သိမ်းရောင်းချလိုက်ဆိုတာမျိုး လုပ်လို့ရတဲ့ ထုတ်ကုန်မဟုတ်ပဲ သဘာဝ သယံဇာတဖြစ်နေတဲ့အတွက် နောင်လာနောက်သား သားစဉ်မြေးဆက်အထိ ရေရှည်စားသုံးနိုင်အောင် ထိန်းထိန်းသိမ်းသိမ်း ထုတ်လုပ်ရောင်းချစေချင်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ကျောက်စိမ်းကို ရေရှည်ထိန်းသိမ်းထုတ်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ အသက်အန္တရာယ်တွေ ကြုံနေရတာကိုရော ဘယ်လိုကာကွယ်ကြမလဲဆိုတာ အစိုးရအနေနဲ့ ဥပဒေသစ်တခု ပြဌာန်းပြီး၊ အဲဒီဥပဒေအတိုင်း လုပ်ကိုင်ဆောင်ရွက်အောင်ကြိုးစားနေတယ်လို့ ဒီအကြောင်းနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။