သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-03
ကျောင်းသားသပိတ် ဝန်းရံပြည်သူ တစ်ဦးအဖြစ် အဖမ်းခံထားရတဲ့ ကိုတင်ဝင်းဟာ သာယာဝတီမြို့နယ် တရားရုံးမှာ မနေ့က မူးလဲပြီး သတိလစ်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေရတယ်လို့ သိရ ပါတယ်။
2015-06-02
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် မှာရှိတဲ့ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်း စက်ရုံက လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတဲ့ အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။
2015-06-02
IS ခေါ် အစ္စလမ်မစ်နိုင်ငံထူထောင်ရေး အစွန်းရောက်အကြမ်းဖက်အဖွဲ့ဟာ အခုအခါ မြန်မာနိုင်ငံကနေ ထွက်ပြေးနေ ကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို တိုက်ခိုက်ရေး တပ်သားတွေအဖြစ် စည်းရုံးသိမ်းသွင်းစုဆောင်းလာနိုင် တယ်လို့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် သူတွေက သတိပေးလိုက်ကြောင်း News Week သတင်း က ဖေါ်ပြပါတယ်။
2015-06-02
ဘာသာ၊ သာသနာညှိးနွမ်းစေမှုနဲ့ အကျဉ်းထောင်ထဲမှာ ၆ လခန့် ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂နှစ် ဒီကနေ့ ချမှတ်လိုက်ပါတယ်။
2015-06-02
PLA တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်မှာ လေကြောင်း၊ ကြည်းကြောင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေ ပြီဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ကြေညာပါတယ်။
2015-06-02
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဖို့ ကျန်နေတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ခုကို မပြဌာန်းသင့်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်း ၆ဖဲ့ွက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီထံ ဒီနေ့ တင်ပြလိုက်ပါတယ်။
2015-06-02
ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူ ၇၀ ကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူ ကျောင်း သား ၁၃ ဦးရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။
2015-06-02
မြန်မာနိုင်ငံအတွင်းရောက်ရှိနေတဲ့ လှေစီး ဒုက္ခသည်တွေကို အစိုးရအနေနဲ့ သေချာ တဲ့မူဝါဒချမှတ်ပြီး အရေးယူဆောင်ရွက်သွားဖို့ တိုက် တွန်းကြောင်း အရေးကြီးအဆိုကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဒီနေ့လွှတ်တော်ထံ တင်သွင်းလိုက်ပါတယ်။
2015-06-02
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း ပင်လယ်ပြင်မှာ ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို ဟိုင်းကြီးကျွန်းကနေ ရခိုင်ပြည် နယ်ကို ပို့ဆောင်နေပြီလို့ သိရပါတယ်။
2015-06-02
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ဟာ ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ လှေစီး ဒုက္ခသည်တွေအရေးနဲ့၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ အကြောင်းကို မေလ ၃၁ ရက်နေ့ က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။
2015-06-02
လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ၂ဝ၁၅ မေလ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
2015-06-02
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်တဲ့ “အမျိုးသားသတင်းဆုပေးပွဲ” အခမ်းအနားကို ရန်ကုန်-ဗဟန်းမြို့နယ်က မြရိပ်ညိုဟိုတယ်မှာ မနက်ကျင်းပခဲ့ပြီး၊ သတင်းဆု၊ ဓာတ်ပုံဆု၊ ရုပ်သံဆုနဲ့ ကာတွန်း ဆုတွေ ပေးအပ်ခဲ့ပါတယ်။
2015-06-01
မွန်ပြည်နယ် မော်လမြိုင်မြို့တဘက်ကမ်းက မုတ္တမကျေးရွာမှာ လွန်ခဲ့တဲ့နှစ်ပေါင်းတရာဝန်းကျင် တည်းက ဒီနေ့အထိ ဓာတ်မီးခြစ်လုပ်ငန်းကို မိရိုးဖလာ လုပ်ငန်းအဖြစ် လုပ်ကိုင်လာကြပါတယ်။
2015-06-01
ပြီးခဲ့တဲ့နှစ်က ထုတ်ယူထားတဲ့ စိုက်ပျိုး စရိတ်ချေးငွေတွေကို ပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ လယ်သမားတွေကို ဒီနှစ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမှာမဟုတ်ကြောင်း ရခိုင်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် က ကြေညာချက်ထုတ်ထားပါတယ်။
2015-06-01
ရန်ကုန် - မန္တလေး အမြန်လမ်း မှတ်တိုင် အမှတ် ၃၅၇ မှာ မနေ့က Elite ခရီးသည် တင်ကား တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၅ ဦးအတွက် အသက်အာမခံကြေး ငွေကျပ် သိန်း ၃၀ စီ ပေး အပ်မှာဖြစ်တယ်လို့ သိရပါတယ်။