ကျောင်းသားသပိတ် ဝန်းရံသူတစ်ဦး ဆေးရုံတင်ရ
2015.06.03

ကျောင်းသားသပိတ် ဝန်းရံပြည်သူတစ်ဦးအဖြစ် အဖမ်းခံထားရတဲ့ ကိုတင်ဝင်းဟာ သာယာဝတီမြို့နယ် တရားရုံးမှာ မနေ့က မူးလဲပြီး သတိလစ်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေရတယ်လို့ သိရပါတယ်။
ကိုတင်ဝင်း ခံစားနေရတဲ့ဝေဒနာနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် အောက်ဗမာပြည်ခေါင်းဆောင်ဟောင်း ကိုဗသက်အောင်က RFA ကို အခုလို ပြောပါတယ်။
"သာယာဝတီရုံးထုတ်မှာ မူးလဲပြီး ရန်ကုန်ဆေးရုံကြီး ရောက်သွားတယ်ပေ့ါ၊ ဆေးရုံရောက်တဲ့အခါ ဆေးကု သမှုကို ချက်ချင်းမပေးသေးပဲနဲ့ လူနာတွေကများနေတယ်လို့ အကြောင်းပြပြီးတော့ ပစ်ထားတဲ့သဘောတွေ့ ရတယ်၊ နောက်တော့မှ ဓါတ်မှန်ရိုက်တယ်၊ သူသတိရတဲ့အချိန်မှာ မေးကြည့်လိုက်တော့ အသားတွေ နာတယ်ပေါ့နော် အဖမ်းခံရတုန်းက ရဲတွေက ဖိနပ်တွေနဲ့ တချိန်လုံးဝိုင်းကန်တယ်ပေ့ါနော်၊ ၂လရှိပြီ ထောင် ထဲမှာ ဆီးသွားတဲ့အခါ ဆီးကျင်ကျင်နေတယ်တဲ့ အဲ့လိုပြောတယ်"
ကိုတင်ဝင်းရဲ့ ရောဂါဝေဒနာကို စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးမှာပဲဆက်ထား ဖို့ ဆေးရုံတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကို မိသားစုနဲ့ မိတ်ဆွေတွေက မေတ္တာရပ်ခံတဲ့အတွက် မနေ့က ညသန်းခေါင်လောက်မှာတော့ ဆေးရုံကခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် အောက်ဗမာပြည် ခေါင်းဆောင်ဟောင်း ကိုဗသက်အောင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။