လှေစီးရွှေ့ပြောင်းနေကြသူတွေ IS ရဲ့ ပစ်မှတ်ဖြစ်လာနိုင်
2015.06.02

IS ခေါ် အစ္စလမ်မစ်နိုင်ငံထူထောင်ရေး အစွန်းရောက်အကြမ်းဖက်အဖွဲ့ဟာ အခုအခါ မြန်မာနိုင်ငံကနေ ထွက်ပြေးနေ ကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို တိုက်ခိုက်ရေးတပ်သားတွေအဖြစ် စည်းရုံးသိမ်းသွင်း စုဆောင်းလာနိုင်တယ်လို့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြောင်း News Week သတင်းက ဖေါ်ပြပါတယ်။
IS အဖွဲ့ဟာ သူ့ရဲ့အင်အားကို အာရှတိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ဖို့ ရည်ရွယ်ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာအမည်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က နေရပ်စွန့်ခွာသူတွေပါဝင်တဲ့ လှေစီးရွှေ့ပြောင်းနေကြ သူတွေ အရေအတွက်များပြားလာနေတဲ့ လက်ရှိအနေအထားမှာ အဲဒီ့ဒုက္ခသည်တွေဟာ IS အဖွဲ့ ရဲ့ ပစ်မှတ်ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အကြမ်းဖက်အဖွဲ့တွေ အဓိက လူသူစုဆောင်းနေတဲ့မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ခိုလှုံကြသူတွေအတွက် IS ရဲ့ သားကောင်းတွေ ဖြစ်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။