သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-06
နှစ်ရက်ကြာ ကျင်းပပြီးဖြစ်တဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ မြေယာ သဘာဝသယံဇာတ ဆိုတဲ့ ကဏ္ဍကြီးလေးခုကို ဆွေးနွေးခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မတီ အတွင်းရေးမှူး က ဒီနေ့ ပြောပါတယ်။
2018-05-06
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် ၁၀၀ ကျော်ဟာ မနက်ဖြန်ကစတင်ပြီး မြဝတီနယ်စပ်ဂိတ်ကနေတဆင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
2018-05-06
တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေးနဲ့ တိုက်ပွဲတွေရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆန္ဒပြလမ်းလျှောက်ပွဲကို ဗကသများ အဖွဲ့ချုပ်နဲ့ လူ့ဘောင်သစ်လူငယ်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီနေ့ညနေပိုင်းက ပြုလုပ်ခဲ့ ပါတယ်။
2018-05-06
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လိုင်နောင်ခူး (မံဝေဒေသ) က ပိတ်မိပြည်သူ ၁၀၀ ကျော်ကို အစိုးရက ဦးဆောင်ပြီး ကယ်ဆယ်နိုင်ဖို့အတွက် တပ်မတော်နဲ့ ညှိနှိုင်းမှု အောင်မြင်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောပါတယ်။
2018-05-05
မေလ ၅ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေအကြောင်း" ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးမယ့်သူတွေက ဝိုင်းမော်မြို့နယ် စိန့်ဂျိုးဇက်ဒုက္ခသည်စခန်း တာဝန်ခံ ဆရာဂွမ်ဆိုင်း၊ မြစ်ကြီးနားသပိတ်စခန်း တာဝန်ခံ ဆရာမ ဆွတ်ဆိုင်းထွယ်တို့ ဖြစ်ပါတယ်။
2018-05-05
မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီတွေ ဦးဆောင်ကျင်းပတဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့မှာ မေလ ၅ ရက်နေ့က စတင်ကျင်းပနေပါတယ်။
2018-05-05
ကချင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ပိတ်မိနေတဲ့ ဒေသခံရွာသူရွာသားများ လွတ်မြောက်ဖို့ မနေ့ကမနက်ပိုင်းက အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့ Union Square မှာ ကချင်မိသားစုများက ဆုတောင်းပွဲ ကျင်းပခဲ့သလို ပိတ်မိနေသူတွေကို ချက်ချင်းကယ်တင်နိုင်ရေး တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။
2018-05-05
မြန်မာနိုင်ငံကိုပြန်လာမယ့် ရိုဟင်ဂျာတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဒေသတွေမှာ စနစ်တကျ နေထိုင်သွားမယ်ဆိုရင် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကြောင့် ဒုက္ခသည်တွေကို အခြေချဖို့နေရာသတ်မှတ်ပြီး အကန့်အသတ်မရှိ ထားရှိမှာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာ သတင်းတရပ်မှာဖေါ်ပြထားပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာထဲက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် မနေ့က ပြိုကျခဲ့ပါတယ်။ မြေပြိုတဲ့အထဲ ပါသွားသူတွေကို ရှာဖွေနေရာကနေ ရာသီဥတုဆိုးဝါးလာတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
2018-05-05
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်မီးသွေးသတ္တုတွင်းမှာ မီးလောင်နေတာ ၃ နှစ်ကျော်လာပြီဖြစ်တာကြောင့် ကျောက်မီးသွေးတွင်းကို ပိတ်ပေးဖို့နဲ့ အမြန်ဆုံးမီးငြှိမ်းသတ်ပေးဖို့ ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မနေ့က စာပို့ပေး လိုက်ပါတယ်။
2018-05-05
ရိုက်တာသတင်းထောက်နှစ်ဦး အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း ညှဉ်းပန်းနှိပ်စက်တာတွေ မခံရဖို့နဲ့ မိသားစုနဲ့ တေ့ွခွင့်ပေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ မနေ့က စာပေးပို့လိုက်ပါတယ်။
2018-05-05
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှု စားပွဲဝိုင်းတွေကနေ အဖြေရှာဖို့ NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဖိတ်ခေါ်လိုက်ပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ မနေ့က ကျောက်လုပ်ကွက်တစ်ခုပြိုကျတဲ့အထဲ ပါသွားသူတွေကို ရှာဖွေမှု ရပ်နားလိုက်ပြီလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ဒီနေ့ ပြောပါတယ်။
2018-05-05
တိုက်ပွဲကြားပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ ကြိုးစားသူတွေကို အစိုးရက တားမြစ်တာမဟုတ်ဘဲ တပ်မတော်က တားမြစ်တာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ လွတ်မြောက်ရေးအတွက် တပ်မတော်ကို တောင်းဆိုသွားမယ်လို့ ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုရာမှာပါဝင်တဲ့ ကချင်လူငယ်တွေက ဒီနေ့ ပြောပါတယ်။
2018-05-05
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။