ရဲတပ်ကြပ်ကြီး ခင်မောင်လင်း ညှဉ်းပန်းနှိပ်စက်မခံရဖို့ လူ့အခွင့်အရေးကော်မရှင် စာပို့


2018.05.05
yulwinaung-mnhrc-622.jpg မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

ရိုက်တာသတင်းထောက်နှစ်ဦး အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း ညှဉ်းပန်းနှိပ် စက်တာတွေ မခံရဖို့နဲ့ မိသားစုနဲ့ တေ့ွခွင့်ပေးဖို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ မနေ့က စာပေးပို့လိုက်ပါတယ်။

ရဲတပ်ကြပ်ကြီး ခင်မောင်လင်းအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အချိန်မှာ ရပိုင်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့် အရေးတွေ ခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့ ပြည်ထဲရေးကို စာပေးပို့ခဲ့တာလို့ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

"ပြည်ထဲရေးဝန်ကြီးဌာနကို စာပို့ထားတာပေါ့၊ ညှဉ်းပန်းနှိပ်စက်မှု မခံရဖို့ရယ်၊ ကျန်းမာရေး စောင့်ရှောက်မှုပေး ဖို့ရယ်၊ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ရယ်၊ နောက်တစ်ခါ သူရဲ့ ခုခံချေပခွင့် အခွင့်အရေးပေါ့နော်၊ ရှေ့နေ ရှေ့ရပ်နဲ့ တွေ့ဖို့ရယ်၊ အဲဒါတွေ ခွင့်ပြုပေးဖို့ပါ"

ရဲတပ်ကြပ်ကြီး ခင်မောင်လင်းဟာ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ခွင့်ပြုချက်မရှိဘဲ သတင်းဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒုရဲမှူး မိုးရန်နိုင်နဲ့အတူ ရဲတပ်ကြပ်ကြီးတစ်ယောက်ကို ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို ရဲတရားရုံးနဲ့စစ်ဆေးနေတယ်လို့သာ သိထားရပြီး ဘယ်နေရာမှာ ချုပ်နှောင်ထား တယ်ဆိုတာကို မသိရကြောင်း လူမှုကွန်ယက်စာမျက်နှာတွေမှာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ကိုတော့ လတ်တလောမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆ (ခ)နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် တစ်နှစ်ချမှတ်ထားပါတယ်။

ဒုရဲမှူး မိုးရန်နိုင်က လက်ရှိမှာ မိသားစုတွေနဲ့ တွေ့ခွင့်ရပြီး ညှဉ်းပန်းနှိပ်စက်ခံရတာတွေ မရှိကြောင်း ဦးယုလွင်အောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။