နယ်စပ်က ဒုက္ခသည် တစ်ရာကျော် နေရပ်ပြန်မည်


2018.05.06
maela-refugees-camp-622 ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: RFA

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် ၁၀၀ ကျော်ဟာ မနက်ဖြန်ကစတင်ပြီး မြဝတီနယ်စပ်ဂိတ်ကနေတဆင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာမှာဖြစ်ပါတယ်။

နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံးက တဆင့် လျှောက်ထားပြီး နေရပ်ပြန်လာကြတာဖြစ်တယ်လို့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ KRC ဥက္ကဌ ရောဘတ်ထွေး ကပြောပါတယ်။

"သူတို့သွားပြီးတော့မှ UNHCR နဲ့ နာမည်တွေသွားပေးလိုက်တာ။ UNHCR နဲ့ပဲ သူတို့က လုပ်ကြတာပဲ။ နောက်မှ UNHCR က အဲ့စာရင်းတွေကို ထိုင်းအာဏာပိုင်တွေဘက်ကိုလည်းပေးတယ်။ မြန်မာအစိုးရဘက်မှာ လည်းပေးတယ်။ နောက်မှ UNHCR စာရင်းကျမှသာ ကျနော်တို့ သိရတယ်"

နေရပ်ပြန်မယ့် ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်က မယ်လ၊ နို့ဖိုး၊ အုန်းဖျန်း၊ မိုင်နန်းစွယ်နဲ့ ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းတွေကဖြစ်ပြီး အရင်နေထိုင်ခဲ့တဲ့ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့ကို ပြန်ကြမှာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်အရေအတွက် တစ်သိန်းကျော်ရှိတယ်လို့ KRC ဥက္ကဌ ဦးရောဘတ်ထွေး ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။