သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-06
၂၀၁၈ အောက်တိုဘာလ ၆ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "အစိုးရစီမံကိန်းနဲ့ တင်ဒါငွေကြေး ကွာဟမှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ဦးကျော်ဇေယျ (လွှတ်တေ်ာ ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး)၊ ဦးလှဌေး (လွှတ်တေ်ာ ကိုယ်စားလှယ်၊ ရန်ကုန်တိုင်း ဒေသကြီး)၊ ဦးအေးကျော် (ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့ OMI) တို့ ဖြစ်ပါတယ်။
2018-10-06
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ကျရင် မြန်မာနိုင်ငံအနာဂတ်အတွက် တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့်အပေါ် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတချို့က သတိနဲ့ ကြိုဆိုခဲ့ကြပါတယ်။
2018-10-06
အောင်ရဲထွေး အမှုမှာ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးနဲ့ ပါဝင်ပတ်သက်တဲ့သူတွေကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ရုံးထုတ်ပြီး တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဦးမိုးနိုင်ကို စစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးရာမှာ လုံခြုံရေး အစီအမံတွေက သတင်းရယူခွင့်ကို ပိတ်ပင်ထားသလိုဖြစ်နေတယ်လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။
2018-10-05
မြန်မာနိုင်ငံကို အိန္ဒိယ အစိုးရက ရိုဟင်ဂျာ မွတ်စလင် ၇ ယောက် ပြန်လွှဲပေးလိုက်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2018-10-05
မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက ရိုဟင်ဂျာမွတ်စလင် ၇ ဦး ပြန်လည်ပို့ဆောင်ခဲ့မှုအတွက် အထူး စိုးရိမ်ကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-10-05
မြန်မာနိုင်ငံကို လက်ရှိခွင့်ပြုထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပြန်လည်ရုပ်သိမ်းရဖွယ်ရှိတယ်လို့ ဥရောပသမဂ္ဂက သောကြာနေ့ မနေ့က သတိပေး ပြောကြားလိုက်ပါတယ်။
2018-10-05
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံအသိုင်းအဝိုင်းတွေဟာ တဖက်နဲ့တဖက် ယုံကြည်မှုမရှိဘဲ ကြောက်ရွံ့ ထိတ်လန့်နေတာကြောင့် အတူတကွ အေးအေးချမ်းချမ်း ပူးပေါင်းနေထိုင်နိုင်ရေး နှောင့်နှေးနေရတယ်လို့ ကုလသမဂ္ဂအရာရှိ တွေက ပြောပါတယ်။
2018-10-05
UWSA "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် က ဖမ်းဆီးထားတဲ့ ခရစ်ယာန်ဘာသာဝင် တစ်ရာကျော် ပြန်လည်လွတ်မြောက်လာပြီး နောက်ထပ်တစ်ရာကျော်ကို ဆက်လက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
2018-10-05
ဒေါ်လာဈေး၊ ရွှေဈေးတွေ ပြန်ကျဆင်းနေပေမယ့် စက်သုံးဆီဈေးနှုန်း မကျတဲ့အပြင် ထပ်ပြီး တက်နေတာကြောင့် လုပ်ငန်းရှင်တွေ၊ ကားပိုင်ရှင်တွေနဲ့ ပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
2018-10-05
ပုသိမ်ကြီးမြို့နယ်မှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ကုန်ထုတ်လမ်းချဲ့ထွင်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
2018-10-05
နိုင်ငံ့အရေးအရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူကို သတင်းထုတ်ပြန်တာမျိုး မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးတာတွေ ရှိတယ်လို့ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2018-10-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ပုပ္ပါးဒေသမှာ လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2018-10-05
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဦးဟန်ထူး အပါအဝင် ပတ်သက်သူတွေကို ရန်ကုန်တိုင်းတရားရုံးမှာ ဒီနေ့ရုံးထုတ်ပြီး တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးမိုးနိုင်ကို စစ်ဆေးခဲ့ပါတယ်။
2018-10-05
အရည်အသွေးပြည့်မီတဲ့ ဆရာဖြစ်ဖို့အတွက် ဆရာတွေရဲ့ စားဝတ်နေရေးဘဝကို လုံလောက်အောင် ဖြည့်ဆည်းထောက်ပံ့ ပေးဖို့၊ ဘဝအာမခံချက် ရရှိအောင် စီစဉ်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။
2018-10-05
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသက်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားခဲ့သူတွေကို သေဆုံးသူ အောင်ရဲထွေးဖက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ ဥပဒေအရရှိကနေတဆင့် လာဘ်ထိုး ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လက်ထောက်ညွန်ကြားရေးမှူး ဦးမိုးနိုင်က ဒီကနေ့ တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။