ရိုဟင်ဂျာပြန်ပို့မှု UNHCR စိုးရိမ်


2018.10.05
rohingya-india-622.jpg အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးငယ် ၂ ဦးကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: MONEY SHARMA / AFP

မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက ရိုဟင်ဂျာမွတ်စလင် ၇ ဦး ပြန်လည်ပို့ဆောင်ခဲ့မှုအတွက် အထူးစိုးရိမ်ကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

အဲဒီလူတွေ မြန်မာပြည်မှာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေအကြောင်း သူတို့ကို ပြန်မပို့ခင်မှာ UNHCR က အိန္ဒိယအစိုးရကို ပြောကြားခဲ့ပေမယ့် လက်ခံလိုက်နာခြင်း မရှိခဲ့ကြောင်း၊ သူတို့နဲ့တွေ့ခွင့်ပြုဖို့ တောင်းခံခဲ့တာကို တုံ့ပြန်ခဲ့ခြင်း မရှိတဲ့အပြင် တရားဥပဒေအရ သူတို့ကို အစိုးရရှေ့နေတွေက အကာအကွယ်ပေးဖို့လည်း  မိမိတို့ အဖွဲ့အနေနဲ့ ဆောင်ရွက်နိုင်စွမ်း မရှိခဲ့တဲ့အတွက် ဝမ်းနည်းရပါကြောင်း UNHCR အရာရှိတစ်ဦးက ဂျနီဗာမြို့မှာ ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာတွေက ခိုလှုံခွင့်တောင်းခံတာကို အိန္ဒိယအစိုးရက လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့လည်း ကုလအရာရှိက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။