ပုပ္ပါးတွေ့ဆုံပွဲနဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်များ
2018.10.05
ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တခုတည်းသောတပ်မတော် ဖွဲ့စည်းရေး စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးဒေသမှာ လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲကနေ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေအကြောင်း RFA ဝိုင်းတော်သူ မခင်ခင်အိ က တင်ပြထားပါတယ်။