ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံမှုရှိ

နိုင်ငံ့အရေးအရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူကို သတင်းထုတ်ပြန်တာမျိုး မရှိပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးတာတွေ ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

ဒီနေ့သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အခုလို ပြောခဲ့တာပါ။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့ထားတာကို မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။