အိန္ဒိယက ရိုဟင်ဂျာတွေ မြန်မာ ပြန်ပို့မှု HRW စိုးရိမ်


2018.10.05
rohingya-india-622.jpg အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ရိုဟင်ဂျာအမျိုးသမီးတွေကို တွေ့ရစဉ်
Photo: AP

မြန်မာနိုင်ငံကို အိန္ဒိယ အစိုးရက ရိုဟင်ဂျာ မွတ်စလင် ၇ ယောက် ပြန်လွှဲပေးလိုက်တယ်လို့ HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မဏိပူပြည်နယ် မိုးရေးမြို့ နယ်စပ်မြို့မှာ မြန်မာအာဏာပိုင်တွေလက်ကို အိန္ဒိယ အာဏာပိုင်တွေက လွှဲပေးတာလို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီလ ၄ ရက်က ကြေညာချက်ထုတ်ပြန်တယ်လို့ HRW က ပြောပါတယ်။

တရားမဝင် ဝင်ရောက်လာမှုစွဲချက်နဲ့ ဒီလူ ၇ ယောက်ကို အာသံပြည်နယ် Silchar အကျဉ်းထောင်မှာ ၂၀၁၂ ကတည်းက ဖမ်းဆီးချုပ်နှောင်ထားတာပါ။

ရိုဟင်ဂျာ ၄ သောင်းအပါအဝင် တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို နှင်ထုတ်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယက မနှစ်က သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ ဒီ  ၄ သောင်းထဲ အနည်းဆုံး သောင်း ၆ ထောင့် ၅ ရာဟာ  UNHCR  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားပါတယ်။

အခုလိုကာလမှာ ရိုဟင်ဂျာတွေကို မြန်မာပြည် အဓမ္မပြန်ပို့ခြင်းအားဖြင့် ဥပဒေမဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရနိုင် ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ သူတို့နိုင်ငံပိုင်နက်ထဲ လာရောက်ခိုလှုံနေသူတွေကို နှစ်လကြာမြင့်စွာ အကာအကွယ်ပေးခဲ့တဲ့ အစဉ်အလာကို ဥပက္ခာပြုလိုက်ပြီလို့ HRW အရာရှိတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။