သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-06
၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာမနောပွဲ ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မှာရှိတဲ့ မနောကွင်းမှာ ၂ဝ၁၅ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပနေပါတယ်။
2015-01-06
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက စီစဉ်တင်ဆက်ထားပါတယ်။
2015-01-06
တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အရပ် ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ၁ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-01-06
လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အစိုးရဘက်က လိုလားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန္နဝါရီ ၅ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2015-01-06
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2015-01-06
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ကကွန်ရက်အဖွဲ့တချို့ရဲ့ အဖျက်သဘော သွေးခွဲလှုံ့ဆော် မှုတွေကြောင့် မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ် ပွားနေရတာလို့ စီမံကိန်းအကောင်အထည်ဖော်ရေး ကော် မတီက မနေ့ကနေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2015-01-06
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင် အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်းအတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ က လျော်ကြေးငွေပေးမယ်ဆိုပြီး ဒေါ်ခင်ဝင်းရဲ့ သမီးဖြစ်သူ မဝင်းခိုင်ကို မနေ့က ခေါ်ယူအသိပေးခဲ့တယ်လို့ သိရပါတယ်။
2015-01-06
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင် ဖို့ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် ၁၁၅ ဦး က ကော်မတီဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ ကြပါတယ်။
2015-01-06
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ၁၂ ရက်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ မိကျောင်းကန်သပိတ်စခန်း က ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ တရားလို ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
2015-01-05
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖဲ့ွ ၁၂ ဖဲ့ွ က ခေါင်းဆောင်တွေ နေပြည်တော်မှာ မနေ့ က တွေ့ဆုံပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
2015-01-05
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသား ရေးရာနဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ကိုမြအေးဟာ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကို မနေ့က ရောက်ရှိနေပါတယ်။
2015-01-05
ထိုင်းနိုင်ငံကဘက်က တရားမဝင် မှောင် ခိုသွင်းလာတဲ့ ကြက်ဥ၊ ဘဲဥတွေကြောင့် ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက် ပျံ့ပွားလာမယ့်အန္တရာယ်နဲ့ ဒေသတွင်း ကြက်ဥဈေး ကွက်ပြိုလဲသွားမယ့်အရေး မြန်မာ ကြက်မွေးမြူရေး သမားတွေ စိုးရိမ်နေကြကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်း ကဖေါ်ပြပါတယ်။
2015-01-05
ပြင်ပအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ လှုံ့ဆော်တဲ့အတွက် လူနည်းစုတချို့ဟာ စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းစဉ်တွေကို ဟန့်တားနှောင့်ယှက်နေပြီး၊ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားအောင် ပြဿနာ တစ်ခုမဟုတ် တစ်ခု ဖန်တီးနေကြတယ်လို့ လက်ပံ တောင်းတောင် ကြေးနီစီမံ ကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင် အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီက သတင်းထုတ်ပြန် လိုက်ပါတယ်။
2015-01-05
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေကို ကြည့်ရှုလေ့လာ ဖို့လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ မြန် မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိမှာ ဖြစ်ကြောင်း ကုလ သမဂ္ဂက သတင်း ထုတ်ပြန်ပါတယ်။
2015-01-05
ဗိုလ်ချုပ်မွေးနေ့ နှစ်တစ်ရာပြည့်အကြို ဂုဏ်ပြု အခမ်းအနားကို မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ပြီး ၂ဝ၁၅ ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ပါ တယ်။ အခမ်းအနားမှာ ကဗျာရွတ်ပြိုင်ပွဲနဲ့ စာပေဟောပြောပွဲ အစီအစဉ်လည်း ပါဝင်ပါတယ်။