အဖွဲ့အစည်းတချို့ကြောင့် လက်ပံတောင်းမှာ အကြမ်းဖက် မှုတွေ ဖြစ်ပွားရတာလို့ အစိုးရပြော


2015.01.06
yehtut-305.jpg ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
photo: U Ye Htut Facebook

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းကကွန်ရက်အဖွဲ့တချို့ရဲ့ အဖျက်သဘော သွေးခွဲလှုံ့ဆော်မှုတွေကြောင့် မလိုလား အပ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေရတာလို့ စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီက မနေ့ကနေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုပြသနာတွေဖြစ်အောင် နောက်ကနေ ပံ့ပိုးနေ တဲ့ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာ အစိုးရအနေနဲ့ စဉ်းစားနေဆဲဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့အဖွဲ့တွေကိုတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သမ္မတရဲ့ပြောခွင့် ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြော ပါတယ်၊

"ပြည်တွင်းက အဓိကဦးဆောင်လှုပ်ရှားနေတာ ကတော့ ကိုဟန်ဝင်းအောင်တို့အုပ်စုပေါ့၊ အဲ့ဒေသမှာပဲ အခြေစိုက်ပြီးတော့ တောက်လျှောက်စည်းရုံး လှုပ်ဆော်နေတာပေ့ါ၊ ပြည်တွင်းက အဖွဲ့အစည်းတွေ ကိုတော့ တချို့လူတွေကိုလည်း တရားဥပဒေ အရဆောင်ရွက်ဖို့ ဝရမ်းထုတ်ထားတာလည်းရှိပါတယ်၊ တချို့လူတွေ ကိုလည်း ကျနော်တို့ဆက်ပြီးတော့ စောင့် ကြည့်နေပါတယ်"

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဟာ အစိုးရ၊ တပ်မတော်နဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုှပ်နှံမှုဖြစ်တဲ့အတွက် ဒီရင်းနှီးမြုှပ်နှံမှုတွေ ပျက်ပြားအောင် ဒီအဖွဲ့အစည်းတွေက ရည်ရွယ်ချက် ၃ ခုနဲ့ အခုလို သွေးထိုးလှုံဆော်နေကြောင်း ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။