သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-25
ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် အသက် ၈၄ နှစ်ဟာ အင်းစိန်မြို့နယ်၊ ဘို့ကုန်းရပ်ကွက်နေအိမ်မှာ လူကြီးရောဂါနဲ့ ဒီနေ့မနက် ကွယ်လွန်သွားကြောင်း သိရပါတယ်။
2013-11-24
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပိုင် ရုံးဝင်းအတွင်းမှာ MTV EXITရဲ့ Roadshow အစီအစဉ်နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး ပွဲတော်တစ်ရပ်ကို ဒေသတွင်း တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂၄ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။
2013-11-24
အခုတစ်ပတ် ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက အစိုးရတပ်တွေနဲ့ (KIA) ကချင်တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၅ ထောင်ကျော်ရှိနေပြီ ဆိုတဲ့သတင်းတွေကို အခြေခံပြီး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေကို ဦးခင်မောင်ညိန်းက ဆက်သွယ်တင်ပြထားပါတယ်။
2013-11-24
မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့တန်းတူ ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ဓာတ်တွေ အောင်နိုင် စိတ်တွေမွေးမြူပြီး မြန်မာပြည်သူတွေ နိုးကြား လာအောင် ဆောင်ရွက်နိုင်ဖို့ အရှေ့တောင်အာရှ အား ကစားပွဲတော်က အရေးကြီးတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို ဒီနေ့တွေ့ဆုံရာ မှာ အားပေးပြောကြားလိုက်ပါတယ်။
2013-11-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလား ဆိုတဲ့ မြို့နယ်အဆင့် လူထုဆန္ဒခံယူပွဲတွေကို ရခိုင်ပြည် နယ် တောင်ကုတ်မြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာ မနေ့ကစတင်ပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။
2013-11-24
မြန်မာနိုင်ငံဖွံဖြိုးတိုးတက်မှု နောက်ကျနေရ တာဟာ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့ တဲ့ ပြည်တွင်းစစ်ကြောင့်ဖြစ်တယ်လို့ ရန်ကုန်မြို့ကို ရောက် ရှိနေတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ထိပ်သီးခေါင်းဆောင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2013-11-24
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်တွေဆီ တင်ပြမယ်လို့ အရပ်ဘက်လူမှုအဖွဲ့ ၇ ဖွဲ့က ဒီနေ့ ဆွေးနွေး ဆုံးဖြတ်လိုက်ကြပါတယ်။
2013-11-23
မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာဒေ သတွေက ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးတွေအတွက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်နဲ့ ညီမျှတဲ့ ယူရိုငွေ ၃ သန်း ထောက်ပံ့ဖို့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU က မနေ့က ကြေညာပါတယ်။
2013-11-23
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် အခုထိလျော်ကြေးမရသေးဘူးလို့ လယ်သိမ်းခံ လယ်သမားတွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2013-11-23
မြန်မာနိုင်ငံအတွင်းက လူငယ်တွေ ကြုံတွေ့နေရတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန် လူငယ်ဖိုရမ်ကို ရန်ကုန်မြို့ မရမ်းကုန်း ၉ မိုင်မှာ ရှိတဲ့ အောင်မြေဘုံသာ သျှမ်းကျောင်းမှာ ဒီကနေ့ စတင်ကျင်းပပြီး လူငယ် ၄၀၀ နီးပါး တက်ရောက်ဆွေးနွေး ခဲ့ကြပါတယ်။
2013-11-23
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၆၀ ကျော် လွတ်မြောက်ရေးအတွက် အကျဉ်းသားစာရင်းကို ဒီဇင်ဘာလမတိုင်ခင် နိုင်ငံတော် သမ္မတထံ ပေးပို့သွားမယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ဒီကနေ့ ပြောပါတယ်။
2013-11-23
ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ ဦးအေဘယ်လ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒို ဒေးဗစ်တာကပေါတို့ ရန်ကုန်မြို့ကို ဒီကနေ့ ည ၇ နာရီလောက်မှာ လေကြောင်းခရီးနဲ့ ရောက်ရှိလာပါတယ်။
2013-11-23
ပြီးခဲ့တဲ့ရက်ပိုင်းက ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ တင်သွင်းအတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံ ထဲက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ် ချက်စာတမ်း အပိုဒ် ၁၀ မှာပါရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံ သားပြုခွင့်ပေးရန် ဆိုတဲ့အချက်ကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီကနေ့ ရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2013-11-23
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရေး အတွက် တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရတွေ့ ဆုံဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်က အကောင်အထည်ဖော်ပေးစေလိုကြောင်း မေတ္တာရပ်ခံစာ ရေး သားပေးပို့သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-11-23
အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းရဲ့ ဟော်နန်းဟာ ခေတ်အဆက်ဆက် ပြင်ဆင်မှု မရှိသလောက် ဖြစ်ခဲ့တဲ့အတွက် အခုဆိုရင် ပျက်စီးစပြုနေပါပြီ။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။