ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းရေး နိုင်ငံတော် သမ္မတထံ တင်ပြမည်

ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ပုဒ်မ ၁၈ နဲ့ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။
ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ပုဒ်မ ၁၈ နဲ့ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။ (photo: RFA/ Kya Htoon Naing)

0:00 / 0:00

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တွေဆီ တင်ပြမယ်လို့ အရပ်ဘက်လူမှုအဖွဲ့ ၇ ဖွဲ့က ဒီနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်၊ Generation wave ၊ Generation youth ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဒီမိုကရေစီအင်အားစု ၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ စတဲ့ အဖွဲ့အစည်း ၇ ဖွဲ့တို့က ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ဒီနေ့ကျင်းပပြီး ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ အခါခါလမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့သလို၊ လွှတ်တော်ထဲမှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တင်သွင်း ထားပါတယ်။

လက်ရှိအချိန်ထိ ပုဒ်မ ၁၈ နဲ့ အကျဉ်းကျခံနေကြရသူ ရာနဲ့ချီ ရှိနေပါတယ်။

Generation youth အဖွဲ့က ကိုကျော်သူကို အာအက်ဖ်အေ သတင်းထောက် ကိုကျော်သူက မေးမြန်းထားပါတယ်။