မန်စီမြို့နယ် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်


2013.11.24

အခုတစ်ပတ်   ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်ဘက်မှာ  ပြီးခဲ့တဲ့ သီတင်းပတ်တွေက အစိုးရတပ်တွေနဲ့  (KIA) ကချင်တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း  ၅ ထောင်ကျော်ရှိနေပြီ ဆိုတဲ့သတင်းတွေကို အခြေခံပြီး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေကို   ဦးခင်မောင်ညိန်းက ဆက်သွယ်တင်ပြထားပါတယ်။

ဒီအစီအစဉ်မှာ  ပါဝင်ဆွေးနွေးထားကြတဲ့ ဧည့်သည်တော်တွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ဗန်းမော်မြို့အခြေစိုက် ကရုဏာမေတ္တာ လူမှုကူညီရေးအဖွဲ့က ဦးနော်ဒင်းနဲ့ မိုင်ဂျာယန်ဒေသ ဝံဘောင် နင်းတွိုင် WPN  လူမှုကူညီရေးအဖွဲ့က ဒေါ်မေရီတွမ်တို့ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။