သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-04
ရှမ်းပြည်နယ် နောင်ချို မြို့ရှောင်လမ်း စီမံကိန်းနဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်လုပ်ငန်းအတွက် လျှပ်စစ်တာဝါတိုင်တွေ စိုက်ထူမှုကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေး နစ်နာကြေးပေးမယ့် အစီအစဉ်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ တောင်သူတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-02-04
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မိုးကောင်းမြို့နယ်က တပ်မတော် ဌာနချုပ်နဲ့ တပ်စခန်းတွေကို ကေအိုင်အေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာဟာ ထိုးစစ်ဆင်တာ မဟုတ်ဘဲ ရှေ့တန်း နည်းဗျူဟာအရ အနှောင့်အယှက်ပေးတာဖြစ်တယ်လို့ ဖြစ်တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ဒီနေ့ ပြောပါတယ်။
2018-02-03
ဖေဖော်ဝါရီလ ၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " စီးပွားရေးနဲ့ ကုန်ဈေးနှုန်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဦးရဲမင်းဦး (ဘဏ်လုပ်ငန်း အကြံပေး) နဲ့ ကိုဇော်ထိုက် (ဆောင်းပါးရှင်) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2018-02-03
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေအတွက် “နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ” ဖွင့်ပွဲကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် (၆) ရပ်ကွက်၊ ခါတော်မှီ (၁) လမ်းမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
2018-02-03
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တိုင်းခရိုင်မြို့နယ် ပါတီဝင်တွေ ၈ ကြိမ်မြောက်တွေ့ဆုံပွဲကို ရန်ကုန် မရမ်းကုန်းမြို့နယ် MCC ခန်းမမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်စိုးလင်း တင်ပြထားပါတယ်။
2018-02-03
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်မှာ တရုတ်လုပ်ငန်းရှင်တွေက မြေတွေသိမ်းယူပြီး တရုတ်တစ်သျှူးငှက်ပျောတွေ စိုက်ပျိုးနေတဲ့အပေါ် ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံတောင်သူ အယောက် ၂ဝဝ ကျော်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-02-03
မြောက်ကိုရီးယားအစိုးရဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ချက်တွေကို ရှောင်ကျဉ်ပြီး တားမြစ်ပစ္စည်းတွေ ရောင်းချမှုကနေ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေအဖြစ် ကန် ဒေါ်လာ သန်း ၂ဝဝ နီးပါး ရရှိခဲ့ကြောင်းနဲ့ မြန်မာအစိုးရကို အမြင့်ပျံပဲ့ထိန်းဒုံးပျံတွေ ရောင်းချတဲ့ အထောက်အထားတွေ လည်း တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုက သောကြာနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2018-02-03
ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးတဲ့ စခန်းတွေမှာ CI စာအုပ်တွေ၊ နေထိုင်ခွင့် (Visa) တွေနဲ့ အလုပ်လုပ်ခွင့် (Work Permit) စတာတွေကို တစ်နေရာတည်းမှာ အပြီးအစီးဆောင်ရွက်ပေးမယ့်ရုံးတွေကို တစ်လကျော်ကြာ ဖွင့်လှစ်တော့မှာဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
2018-02-03
နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပေးမယ့် နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှု စင်တာအတွက် လိုအပ်တဲ့ဆေးဝါးတွေနဲ့ ဆေးရုံ တက်ရောက်ဖို့ လိုအပ်သူတွေ အစိုးရဆေးရုံမှာ တက်ရောက်ကုသနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကူညီချိတ်ဆက်ပေးမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ဒီနေ့ ပြောပါတယ်။
2018-02-03
နှစ်ရက်ကြာကျင်းပခဲ့တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ CSSU အလှည့်ကျဥက္ကဌတာဝန်ကို SNDP က လွဲှပြောင်းယူခဲ့ပြီး ရှမ်းနှစ်ပါတီပူးပေါင်းရေး ကိစ္စကိုတော့ ဆွေးနွေးမှု မရှိခဲ့ဘူးလို့ CSSU အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ဒီနေ့ ပြောပါတယ်။
2018-02-03
ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရတဲ့အတွက် ရခိုင်ပြည်သူတွေရဲ့ သဘောထားတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ တင်ပြနိုင်ဖို့ လူထုဆွေးနွေးပွဲတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲကျင်းပရေး ကော်မတီက ဒီနေ့ ပြောပါတယ်။
2018-02-03
ရခိုင်ပြည်နယ်က မွတ်စလင်တွေ တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားကြတာဟာ အကြမ်းဖက်သမားတွေရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
2018-02-03
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ရွာတွေအနီးမှာ တရုတ်လုပ်ငန်းရှင်တွေ က မြေတွေသိမ်းယူပြီး တရုတ်တစ်ရှူးငှက်ပျောတွေ စိုက်ပျိုးနေတာကို ဖြေရှင်းဆောင်ရွက်ပေး ဖို့ ဒေသခံတောင်သူ အယောက် ၂ ရာကျော်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2018-02-03
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ရွာအနီး နန့်ကွေ့ချောင်းတံတားမှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီလောက်က တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2018-02-02
အစိုးရ ဝန်ကြီးဌာနတွေအတွက် ဝန်ထမ်း လျှောက်လွှာ ခေါ်ယူရာမှာ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာ မူရင်းကို ထည့်သွင်း မတောင်းခံဖို့အတွက် ဝန်ကြီးဌာန အားလုံးကို ညွှန်ကြားပေးဖို့ရှိ မရှိ ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး က ဖေဖော်ဝါရီလ ၂ ရက်နေ့ လွှတ်တော် အစည်းအဝေး မှာ မေးမြန်းခဲ့ပါတယ်။