CI စခန်းတွေ ဖွင့်လှစ်ပေးမည်


2018.02.03
ci-thai-622.jpg ထိုင်း CI ထုတ်ပေးရေးစခန်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ကွင်းဆင်းကြည့်ရှုနေသည်ကို တွေ့ရစဉ်
Photo: MOI Webportal Myanmar's facebook

ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးတဲ့ စခန်းတွေမှာ CI စာအုပ်တွေ၊ နေထိုင်ခွင့် Visa တွေနဲ့ အလုပ်လုပ်ခွင့် Work Permit စတာတွေကို တစ်နေရာတည်းမှာ အပြီးအစီးဆောင်ရွက်ပေးမယ့်ရုံးတွေကို တစ်လကျော်ကြာ ဖွင့်လှစ်တော့မှာဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီရုံးတွေကို ထိုင်းနိုင်ငံအတွင်းက ခရိုင် ၇၇ ခုလုံးမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။

"ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာချက်အသစ်ပေါ့၊ CI စာအုပ်ထုတ်ပေးရေး စခန်းတွေမှာ CI စာအုပ်တို့၊ နေထိုင်ခွင့် Visa တို့၊ အလုပ်လုပ်ခွင့် Work Permit တို့ စတာတွေကို တစ်နေရာတည်းမှာ အပြီးအစီးပေါ့၊ ပြုလုပ်နိုင်တဲ့ စခန်းတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ ခရိုင်တိုင်းမှာ၊ ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခု ရှိတယ်၊ တစ်နေရာတည်းမှာ အပြီးအစီး လုပ်ငန်းဆောင်တာအားလုံး ဆောင်ရွက်ပေးမယ့်ရုံးတွေ ဒီရက်ပိုင်းအတွင်းမှာ ဖွင့်တော့မှာပေါ့နော်"

အဲဒီလိုတစ်နေရာတည်းမှာ အပြီးအစီး ဆောင်ရွက်ပေးမယ့်ရုံးတွေကို လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ ၁ လကျော်ကြာ ဖွင့်လှစ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရဖို့အတွက် သက်သေခံလက်မှတ် CI ထုတ်ယူပြီးတဲ့ မြန်မာအလုပ်သမား ၉ သိန်းခွဲလောက်ရှိပြီး မြန်မာအလုပ်သမား ၄ သိန်း ၆ သောင်းကျော်ကတော့ ထုတ်ယူဖို့ ကျန်နေသေးတာဖြစ်ပါတယ်။

CI ထုတ်ယူဖို့ ကျန်နေတဲ့သူတွေက ဘန်ကောက်မြို့ အနီးဝန်းကျင်တွေမှာ အလုပ်လုပ်သူတွေ၊ မြန်မာ-ထိုင်း နယ်စပ်မြို့နယ် နေရာတွေ၊ စက်မှုဇုန်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ များတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။