သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-04
အခြေခံပညာရေး ဥပဒေရေးဆွဲရာမှာ လူထု သဘောထားအမြင်၊ အကြံဉာဏ်တွေနဲ့ ပူးပေါင်း ပါဝင်မှု တွေကို ထင်ဟပ်စေတဲ့ ဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းနိုင်ရေးအတွက် လူထုလူတန်းစား အလွှာစုံပါဝင်တဲ့ အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ အောက်တိုဘာလ (၃) ရက်နေ့ ဒီနေ့ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ် ရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။
2016-10-04
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့အတွက် မြစ်ကြီးနားမြို့ မနောကွင်း မှာ ကချင်တိုင်းရင်းသားတွေ စုပေါင်းပြီး ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-10-04
မြေယာအမှုတွေမှာ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးကော်မတီက ဘက်လိုက်ဆုံးဖြတ်တွေ ရှိနေတယ် ဆိုပြီး မကျေနပ်တဲ့ တောင်သူတွေက ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-10-04
ရန်ကုန် ကျောက်တံတားမြို့နယ်က အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်ဖော်မိန်း ကလေး ၂ ဦး ညှဉ်းပန်း နှိပ်စက်ခံရမှုအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က အကူအညီပေးဖို့ ရှိမရှိ၊ ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်ကြည်ပြာ က မေးမြန်းခဲ့ ပါတယ်။
2016-10-04
မန္တလေး မဟာအောင်မြေမြို့နယ်က ဓမ္မာရုံတစ်ခုမှာ ဓမ္မစကြာ ရွတ်ဖတ်နေချိန်မှာ ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ပိတ် ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ နယ်သာလန်နိုင်ငံသားကို မဟာအောင်မြေမြို့နယ် တရားရုံးမှာ အောက်တိုဘာလ (၃) ရက်နေ့ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
2016-10-03
ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ် ကြောင်စွယ်ဖြူကျေးရွာအုပ်စုမှာရှိတဲ့ စားကျက်မြေဧက ၂၀၀ ကျော်မှာ ကျူးကျော်လုပ်ကိုင်နေ သူတွေကို အရေးယူပေးဖို့ တောင်သူ ၁၀၀ ကျော် က ကျောက်တော်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-03
ဧရာဝတီတိုင်းဒေသကြီး ကြံခင်း ၊ မြန်အောင်နဲ့ အင်္ဂပူမြို့နယ်မှာရှိနေ တဲ့ ရေနံ ချက်ဖိုတွေကို အပြီးပိုင်ပိတ်သိမ်းပေးဖို့ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ဒီနေ့ ဧရာဝတီ တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။
2016-10-03
လူထိပ်မိုး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တစ်ခုက မြန်မာအလုပ်သမား ၃၀၀ ကို ထိုင်းနိုင်ငံက မုန့်မျိုးစုံ ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်ရမယ် ဆိုပြီး စာချုပ်ချုပ်ခဲ့ပေမယ့် အခုချိန်ထိ အလုပ်မရသေးဘူး လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် က ပြောပါတယ်။
2016-10-03
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်အနီးမှာ စက်မှုရပ်ကွက်အဖြစ် အရင်အစိုးရလက်ထက်က သိမ်းထားတဲ့ မြေဧက ၅၀၀ ကျော်ထဲက တချို့ကို ဌာနဆိုင်ရာအရာရှိတွေနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေ အသီးသီးခွဲဝေယူခဲ့ကြတဲ့ကိစ္စဟာ ပြည်နယ် ဝန်ကြီးချုပ်အဖြစ်ကနေ အနားယူပြီးနောက်ပိုင်းမှာ ဖြစ်ပေါ် လာတဲ့ကိစ္စဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင် အုန်းက ဒီနေ့ ပြောလိုက်ပါတယ်။
2016-10-03
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံ မှာ ဒီကနေ့ ၂ နာရီနီးပါးကြာ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ပါတယ်။
2016-10-03
အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေ အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ ကချင်တိုင်းရင်းသား တစ်ထောင်ကျော်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2016-10-02
ကချင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ သစ်တော၊ သတ္ထု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင် ရာ ကော်မတီဟာ စက်တင်ဘာလဆန်းပိုင်းက ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ၊ ဝှေခါ၊ တာမခန်၊ ဆယ်ဇဉ်း စတဲ့ မှော်ရွာ ပတ်ဝန်းကျင်တွေကို သွားရောက်လေ့လာပြီး တွေ့ရှိ ချက်တွေကို ပြည်နယ်လွှတ်တော် ဥက္ကဌထံ အစီရင် ခံစာ တင်သွင်းခဲ့ပါတယ်။
2016-10-02
နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းပြီးတဲ့နောက်ပိုင်း အလုပ်သမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေဖို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မစိုးရိမ် ပရိယတ္တိ စာသင်တိုက်မှာ အလုပ်သမား ကိုယ်စားလှယ်တွေက နှစ်ရက်ကြာ ဆွေးနွေးခဲ့ပါတယ်။
2016-10-02
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က အမျိုးသမီးအရပ်ဘက်အဖွဲ့ ၄ဝ လောက်က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-10-02
ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိဖို့ အတွက် ဖြစ်မြောက်ရေးကော်မတီ ရုံးခန်း ကို တောင်ဥက္ကလာပ ၆ ရပ်ကွက်မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။