တိုက်ပွဲတွေ ရပ်တန်ဖို့ ကချင်အမျိုးသမီး အရပ်ဘက်အဖွဲ့တွေ တောင်းဆို


2016.10.02

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က အမျိုးသမီးအရပ်ဘက်အဖွဲ့ ၄ဝ လောက်က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

မြစ်ကြီးနားမြို့ City Park Royal စားသောက်ဆိုင်မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးက မဆိုင်းဇင် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။