မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းနဲ့ မေးမြန်းချက်
2016.10.02
ကချင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ သစ်တော၊ သတ္ထု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ ကော်မတီဟာ စက်တင်ဘာလဆန်းပိုင်းက ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ၊ ဝှေခါ၊ တာမခန်၊ ဆယ်ဇဉ်း စတဲ့ မှော်ရွာပတ်ဝန်းကျင်တွေကို သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို ပြည်နယ်လွှတ်တော် ဥက္ကဌထံ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
သွားရောက်လေ့လာရာမှာ ပါဝင်ခဲ့တဲ့ ကော်မတီ ဥက္ကဌ မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။