တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ကချင် တိုင်းရင်းသားတွေ တောင်း ဆို


2016.10.03
stop-war-kachin-620.jpg မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းမှာ အောက်တိုဘာလ ၃ ရက်နေ့က တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေး စုပေါင်းဆန္ဒဖော် ထုတ်ကြစဉ်
Photo: Kyaw Myo Min/ RFA

အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ကချင်တိုင်းရင်းသားတစ်ထောင်ကျော်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ခံစားနေရတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်တန့်ကြဖို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးလုံဂျုံတူးယော်က ပြောပါတယ်။

"နှစ်ပေါင်း ၆ဝ လောက် အချင်းချင်းတိုက်ပြီးတော့ ဘယ်သူကနိုင်သလဲ၊ ဘယ်သူမှမနိုင်ဘူး၊ ကေအိုင်အို ကို မြန်မာ့တပ်မတော်က အင်းအားကြီးကြီးမားမားနဲ့ အကြီးအကျယ် တိုက်ခိုက်ပေမယ့်လည်း ကေအိုင်အိုကို အပြုတ်တိုက်နိုင်မှာ မဟုတ်ဘူး"

ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ထိုးစစ်ဆင်မှုတွေအမြန်ဆုံးရပ်တန့်ဖို့၊ ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်းရပ်ဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ကေအိုင်အေက ဆက်ကြေးကောက်တာတွေ၊ လူသစ်စုဆောင်းတာတွေနဲ့ တပ်မေတော်စစ်ကြောင်းတွေကို မိုင်းထောင် တိုက်ခိုက်တာတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားရတာလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထား သလို တပ်မတော်က နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး အလုံးအရင်းနဲ့ တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်တာ လို့ ကေအိုင်အေဖက်က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုတဲ့အပြင် ဝတ်ပြုဆုတောင်းတာတွေ၊ တေးဂီတ နဲ့ ဖျော်ဖြေတာတွေပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။