သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-05
တနင်္သာရီတိုင်းအတွင်း အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လိုမလို တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားမှု ဖြစ်ပွားနေပါတယ်။
2018-02-05
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာဖိုင်ကျေးရွာနဲ့ ငေါ့ငါးကျေးရွာ အကြားမှာ တအာင်းတပ်မတော်နဲ့ အစိုးရတပ်မတော်တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ လေကြောင်း ပစ်ကူတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ဒီနေ့ ပြောပါတယ်။
2018-02-05
ကချင်ပြည်နယ်က ဒေသတချို့မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အစိုးရရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အနှောင့် အယှက်ဖြစ်စေတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဒီနေ့ ပြောပါတယ်။
2018-02-05
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျတာကြောင့် ဒီနေ့မနက်က နေအိမ် ၁၂ လုံး မြစ်ထဲပါသွားခဲ့ပါတယ်။
2018-02-05
ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ ဆွမ်ပရာဘွမ် မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေ အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နိုင်ဖို့အတွက် ဒီနေ့ မြစ်ကြီးနားမြို့မှာ ဒေသခံ ၅ ထောင်ခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2018-02-05
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဒီရက်ပိုင်းတွေအတွင်း နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကိုဖြတ်ပြီး တဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ခွာနေတဲ့ မွတ်စလင်တွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။
2018-02-05
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ နေရာတွေ တွေ့ရတယ်ဆိုတဲ့အကြောင်း သတင်းဖော်ပြခဲ့တဲ့ AP သတင်းဌာနကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားစွဲဆိုသွားမယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိ သူတွေက ဒီနေ့ အတည်ပြုပြောပါတယ်။
2018-02-05
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မိုးကောင်းမြို့နယ်က တပ်မတော်ဌာနချုပ်နဲ့ တပ်စခန်းတွေကို ကေအိုင်အေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာဟာ ထိုးစစ်ဆင်တာမဟုတ်ဘဲ ရှေ့တန်း နည်းဗျူဟာအရ အနှောင့်အယှက်ပေးတဲ့ အခြေအနေလောက်သာဖြစ်တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
2018-02-05
တပ်မတော်အနေနဲ့ မြောက်ပိုင်း မဟာမိတ်အဖဲ့ွတွေရဲ့ နယ်မြေတွေထဲကို ထိုးစစ်ဆင်တာတွေရှိနေတယ်လို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထိုးစစ်ဆင်တာဟာ အချိန်ကြာနေပြီလို့ မြောက်ပိုင်း မဟာအဖွဲ့မှာပါတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
2018-02-05
ကချင်ပြည်နယ် ဒေသတချို့မှာ တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် အစိုးရက ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။
2018-02-05
ပလတ်စတစ် ကို တီထွင်ခဲ့တဲ့ စိတ်ကူးဟာ မူလက ဆင်တွေကို မသတ်ချင်လို့ ဆင်စွယ်နဲ့လုပ်တဲ့ ဘီလိယက် ဘောလုံး နေရာ အစားထိုးဖို့ ဆိုတဲ့ သဘာဝကို ထိန်းသိမ်းချင်တဲ့ စိတ်ကူးကောင်းဖြစ်ပေမဲ့၊ လက်တွေ့မှာ လွဲချော်သွားခဲ့ပါတယ်။ အခုဆိုရင် ပလတ်စတစ်အမှိုက် ကင်းစင်ဖို့ ကမ္ဘာက ကြံဆနေရပါပြီ။
2018-02-04
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် KNU တပ်မဟာ ၆ ဒူးပလယာခရိုင် ဝင်းရေး ဌာနချုပ်မှာ ထားရှိဖို့ ရန်ကုန်ကနေ သယ်ဆောင်လာတဲ့ စောဘဦးကြီး ရုပ်ထုကို ဒေသခံ စစ်တပ်က မနေ့က တားမြစ်ခဲ့ပါတယ်။
2018-02-04
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး ရတနာမြေအတွင်း ဒေသခံတွေ၊ ရေမဆေး လုပ်သားတွေနဲ့ ဝန်ထမ်းတွေ တရားဝင် ဝင်ရောက်သွားလာဖို့ တိုင်းဒေသကြီး အစိုးရက စမတ်ကဒ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီး ထုတ် ပေးနေပါတယ်။
2018-02-04
လက်နက်ကိုင် တော်လှန်ရေးအတွက် ဟောပြောခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဒေသခံ ၇၀၀ ခန့်က ဒီနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-02-04
တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း အသတ်ခံရမှုနဲ့ ပတ်သက် ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်၊ မြောက်ပိုင်းခရိုင် တရားရုံး ရုံးထုတ်မှာ "မင်းတို့ ထမင်းဝအောင်စားထား"ဆိုတဲ့ စတစ်ကာပါ အင်္ကျီတွေဝတ်ဆင်ပြီး တရားစွဲခံထားရတဲ့ ကြည်လင်းနဲ့ အပေါင်းအပါတွေကို လူတစ်စုက လာရောက် ထောက်ခံခဲ့တဲ့အပေါ် အရေးယူပေးဖို့ ရှေ့နေအဖွဲ့အစည်းတွေက တောင်းဆိုသွားမယ့် အကြောင်း ဒီကနေ့ ရန်ကုန်ရှေ့နေအသင်းရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။