ကျောက်တော်မှာ ကမ်းပါးပြိုကျ


2018.02.05
kyauktaw-landslide-622.jpg ကျောက်တော်မြို့နယ် အပေါက်ဝရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျနေတာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Maung Naing Soe's facebook

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျတာကြောင့် ဒီနေ့မနက်က နေအိမ် ၁၂ လုံး မြစ်ထဲပါသွားခဲ့ပါတယ်။

မြစ်ကမ်းပါးနဲ့ နီးကပ်နေတဲ့ နောက်ထပ်နေအိမ် ၉ လုံးကိုလည်း အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ အပေါက်ဝ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့် က ပြောပါတယ်။

"ကမ်းပြိုတဲ့အချိန်က နံနက် ၉ နာရီ ၄၅၊ အိမ် ၁၂ လုံးပါသွားတယ်၊ ဓနိမိုး ဝါးကာထားတဲ့အိမ်တွေပါ၊ ကမ်းပါးနဲ့ ကပ်နေတဲ့အိမ်တွေပါ၊ အိမ် ၉ လုံးလောက်တော့ ရွှေ့ပြောင်းထားတယ်၊ ဒီဟာလောက်နဲ့ ရပ်ချင်လည်းရပ်သွားနိုင် တယ်၊ လိုလိုမယ်မယ် ရွှေ့ပြောင်းထားတာတွေရှိတယ်"

ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၆၀ နီးပါးရှိပြီး လူအသေအပျောက် မရှိခဲ့ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လတ်တလောမှာတော့ နေအိမ်တွေ ဆုံးရှုံးသွားသူတွေနဲ့ အရေးပေါ် ပြောင်းရွှေ့လိုက်ရတဲ့ မိသားစုတွေအတွက် အစိုးရက ဆောက်လုပ်ပေးထားတဲ့ အသင့်ဆောက် နေအိမ်တွေမှာ ယာယီ နေရာချထားပေးတယ်လို့လည်း သိရပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာဟာ အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး ကုလားတန်မြစ်ကမ်းဘေးမှာ တည်ရှိ တာကြောင့် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်ကတည်းက နှစ်စဉ်ကမ်းပါးပြိုတဲ့ဒဏ်ကို  ကြုံတွေ့နေရတာဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။