တနင်္သာရီတိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ မေးမြန်းချက်
2018.02.05
တနင်္သာရီတိုင်းအတွင်း အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လိုမလို တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားမှု ဖြစ်ပွားနေပါတယ်။
တိုင်းလွှတ်တော် ဥက္ကဌကလည်း အစိုးရအဖွဲ့က စီမံကိန်းတချို့ကို လွှတ်တော်ကို တင်ပြခြင်းမရှိဘဲ ဆောင်ရွက်နေလို့ တိုင်းအစိုးရ အနေနဲ့ စီမံကိန်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်ကို တင်ပြဖို့ လွှတ်တော်အစည်းအဝေးကနေ နှစ်ကြိမ်တိုင်သတိပေး ပြောဆိုထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။