သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-04
အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောပါတယ်။
2017-09-04
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Francis ဟာ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးစဉ်အဖြစ် ရောက်ရှိလာမှာဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ လူထုပရိသတ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
2017-09-04
ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းခန့်အပ်ရာ မှာ တစ်ဦးတည်းသဘောနဲ့ ဆောင်ရွက်ခဲ့မှုတွေနဲ့ နိုင်ငံတော်သမ္မတရုံးထံ တိုင်ကြားခံထားရတဲ့ ပုသိမ် တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ပတ်သက်ပြီး ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ပြီးနောက် တွေ့ရှိ ချက်တွေကို သမ္မတရုံးနဲ့ ပညာရေးဝန်ကြီးဌာနထံ အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။
2017-09-04
အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက ဒုက္ခသည်စခန်းတွေကို ပြည်သူ့အိုးဝေအဖွဲ့က စားနပ်ရိက္ခာအကူအညီတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက်လုပ်ဆောင်ပေးနေပါတယ်။
2017-09-04
အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်းတိုက်ပြီး မိုးလည်းကြီးတဲ့အတွက် မကြုံစဖူး ရေကြီးရပါတယ်
2017-09-04
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီဟာ စက်တင်ဘာလ ၅ ရက်၊ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်တာ လာရောက်မှာ ဖြစ်ပါတယ်။
2017-09-03
ကချင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ ၃ နှစ်တာကာလအတွင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား သုံးရာကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
2017-09-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဘဇံချောက်မှော်က သက်တမ်းကုန်နေတဲ့ လုပ်ကွက်တစ်ခုမှာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ကျောက်တောင်ကမ်းပါးပြိုကျတာကြောင့် ကျောက်တူးနေတဲ့ တနိုင်တပိုင်ရေမဆေးသမား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2017-09-03
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသအထက်ပိုင်းတွေမှာ နောက် ၂ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2017-09-03
ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကို ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းခန့်အပ်ရာမှာ တစ်ဦး တည်းသဘောနဲ့ ဆောင်ရွက်ခဲ့မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးထံ တိုင်ကြားထားမှု ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်ပြီး စစ်ဆေးတေ့ွရှိချက်တွေကို သမ္မတရုံးထံ ပြန်လည် အကြောင်းကြားထားပြီးဖြစ်တယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။
2017-09-03
အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမ ၃၀၀ ကျော်လောက် ပိတ်မိနေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။
2017-09-03
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ မဲသဝေါဒေသမှာ နယ်မြေတည်ငြိမ်မှု မရှိသေးတာတွေ မိုင်းအန္တရာယ်တွေကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးထွန်း က ပြောပါတယ်။
2017-09-03
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးဟာ ပေါက်ကွဲစေတဲ့ မီးလောင်ဗုံးနဲ့ ဒီကနေ့ တိုက်ခိုက်ခံ ရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်း တပုဒ်မှာ ဖေါ်ပြပါတယ်။
2017-09-03
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ ချိန်ခါလီကျေးရွာ မီးလောင်တာဟာ အကြမ်းဖက်သမားတွေက မီးရှို့ထွက်ပြေး တာဖြစ်ကြောင်း အဲဒီကျေးရွာဟာ အကြမ်းဖက်သမားတွေကျေး ရွာဖြစ်ကြောင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင် က ပြောပါတယ်။
2017-09-03
စက်တင်ဘာလ ၂ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာတော့ " ပဲဈေးကွက်နဲ့ စိန်ခေါ်မှုများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာမျိုးလွင် (ဗဟိုအလုပ်အမှုဆောင် - မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း )၊ ဒေါက်တာစိုးထွန်း (အလုပ်အမှုဆောင် - UMFCCI) နဲ့ ကိုဇေယျသူ (ဒုအယ်ဒီတာချုပ် - The Voice) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။