ကျောက်တောင်ကမ်းပါး ပြိုကျပြီး ရေမဆေးသမား နှစ်ဦး သေဆုံး


2017.09.03
yaymasay-622.jpg ဖားကန့့်မြို့နယ်က စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာနေသူတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဘဇံချောက်မှော်က သက်တမ်းကုန်နေတဲ့ လုပ်ကွက်တစ်ခုမှာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ကျောက်တောင်ကမ်းပါးပြိုကျတာကြောင့် ကျောက်တူးနေတဲ့ တနိုင်တပိုင်ရေမဆေးသမား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူ ၂ ဦးကို မနေ့က သဂြိုၤဟ်လိုက်တယ်လို့ ဆိပ်မူမြို့ သင်္ခါလူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးခင်မောင် က ပြောပါတယ်။

ပေငါးရာလောက်မြင့်တဲ့ ကျောက်တောင်ကမ်းပါးပြိုကျမှုမှာ လူ ၁ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး ၁ ယောက်က ဖားကန့်ဆေးရုံရောက်ချိန်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးတွင်းကာလဆိုရင် ကျောက်တောင်ကမ်းပါးပြိုကျပြီး၊ ပွင့်လင်း ရာသီချိန် ဆောင်းနဲ့ နွေရာသီတွေမှာ စွန့်ပစ်မြေစာပုံပြိုကျလို့ မကြာခဏထိခိုက် သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းနယ်မြေမှာ မြန်မာနိုင်ငံဒေသအသီးသီးကနေ လာရောက်လုပ်ကိုင်နေကြတဲ့ ပြည် တွင်းရွှေ့ပြောင်းလုပ်သား နှစ်သိန်းဝန်းကျင်ရှိပြီး အဲဒီအထဲမှာ တနိုင်တပိုင် ရေမဆေး ကျောက်ရှာဖွေ တူးဖော်လုပ်ကိုင်နေကြသူတွေက အများဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။