သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-05
အစိုးရကဖမ်းဆီးတရားစွဲထား တဲ့ ကျောင်းသားသပိတ်ဝန်းရံသူ ကိုတင်ဝင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဒီနေ့မနက် ခွဲစိပ်ကုသမယ် လို့ သိရပါတယ်။
2015-06-05
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန်ရှိ သူတွေဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့၊ လက်ရှိကယ်ဆယ်ထား တဲ့ လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။
2015-06-05
ဧရာဝတီတိုင်း ဖျာပုံမြို့အနီး၊ မြန်မာ့ရေပိုင်နက်ထဲမှာဖမ်းမိတဲ့ လှေစီးဒုက္ခသည် ၇ ရာကျော်ကို ခေတ္တထိန်းသိမ်းထားတဲ့ ဟိုင်းကြီးကျွန်းကနေ မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာကို လှေစီးဒုက္ခသည် ၄ ရာ ရွှေ့ပြောင်းထားပါတယ်။
2015-06-05
ရန်ကုန်တက္ကသိုလ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တို့ မြန်မာ့ ယဉ်ကျေးမှုနဲ့ ဘာသာစကား ပူးပေါင်းလေ့လာရေး သဘော တူညီထားချက်အရ ချင်းမိုင်တက္ကသိုလ်က ထိုင်းကျောင်း သူကျောင်းသားတွေဟာ မြန်မာနိုင်ငံမှာ ၂ လကြာ ပညာ သင်ကြားလေ့လာရေး အစီအစဉ် မနေ့က ပထမဆုံးစတင် လိုက်ပါတယ်။
2015-06-05
ကချင်ပြည်နယ် ပူတာအိုဒေသက ရေခဲတောင်နဲ့ပတ်သက်တဲ့ ရှားပါးမှတ်တမ်း ဓာတ်ပုံတွေကို တောင်တက်သမားမဟုတ်တဲ့ ဓာတ်ပုံဆရာတဦးက ခက်ခက်ခဲခဲ သွားရောက်ပြီး ရယူခဲ့ပါတယ်။
2015-06-05
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တချိန်က “ဘုံပြတ်” လို့လူသိများတဲ့ မြင်းလှည်းတွေဟာ အခုအခါ စီးမယ့်သူ မရှိသလောက်ဖြစ်နေတဲ့ အတွက် ပြေးဆွဲသူ နည်းပါးသွားပြီဖြစ်ပါတယ်။
2015-06-05
အခုဆက်ပြီး “ကျေးလက်ပြည်သူတဦးရဲ့ တနေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ မုံရွာအနောက်ဖက် ကြေးစင်တောင်၊ စံပယ်တောင် အနီး ကျေးရွာတရာမှာ ဒုတ္တာချက် အသက်မွေးရတဲ့ တောင်သူတဦးနဲ့ တနေ့တာတွေ့ဆုံခဲ့တဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-06-04
အရှေ့တောင်အာရှပင်လယ်ပြင် မှာ လှေတွေနဲ့မျောနေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ပြဿနာရဲ့ အကြောင်းရင်းဇစ်မြစ်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးလူမျိုးရေးအရ ခွဲခြားဆက်ဆံ ဖိနှိပ်ညှဉ်းဆဲ သတ်ဖြတ်မှုတွေကြောင့်ဖြစ်တယ်လို့ စွပ်စွဲနေကြသလို မဟုတ်ဘဲ၊ လူမှောင်ခိုနဲ့ စီးပွားရေး၊ အလုပ်အကိုင် အခွင့် အလမ်းတွေရှာဖွေဖို့ လှေစီးထွက်ခွာသူတွေဖြစ်တယ် လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
2015-06-04
မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲ ဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို မထင်ဟပ်ဘူးဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာ ကြား ပုံမှန်ဆက်ဆံရေးဟာ ရှေ့ဆက်သွားဖို့ အများကြီး ခက်ခဲသွားလိမ့်မယ်လို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က မနေ့က သတိပေးပြောဆိုလိုက်ပါတယ်။
2015-06-04
အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာတွေကို လက်ခံနေရာချပေးတဲ့ အစီအစဉ်ရှိခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်းန်ရစ်ချတ်ဒ် Anne Richard က ပြောဆိုခဲ့ပါတယ်။
2015-06-04
မြန်မာနိုင်ငံနယ်စပ်မှာ လက်နက် အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေတဲ့ PLA တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ ပထမရက်မှာတင် လေတပ်အသုံးပြု တိုက်ခိုက်တာတွေ ကို လေ့ကျင့်ခဲ့ပြီး ဝေဟင်ကနေ မြေပြင်က ပစ်မှတ်တစ်ခုကို ၈ စက္ကန့်အတွင်း တိတိကျကျ ပစ်ခတ်နိုင်ခဲ့ကြောင်း တရုတ်အစိုးရက ဒီကနေ့ ကြေညာပါတယ်။
2015-06-04
မြန်မာ့တပ်မတော်မှာ အရွယ် မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၅၁ ယောက်ကို မိဘနေရပ်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ကြေညာပါတယ်။
2015-06-04
ပြည်ထောင်စုလွှတ်တော် အပါအဝင် လွှတ်တော်သုံးရပ်လုံးမှာ သတင်း သမားတွေ သတင်းရယူခွင့် တားဆီးကန့်သတ်လိုက်တာ ဟာ ပြည်သူတွေသတင်းမှန်သိခွင့်ကို ကန့်သတ်လိုက် တာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2015-06-04
ဟိုင်းကြီးကျွန်းဘက်ကနေ ရခိုင်ပြည်နယ် မောင်တော ဘက်ကို ရွှေ့ပြောင်းလိုက်ပြီဖြစ်တဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံက အယောက် ၁၀၀ ကျော်ပါဝင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
2015-06-04
လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက် ပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် "မှန်ကန်မျှတစွာ" ပြောဆိုစေလိုကြောင်းပါရှိတဲ့ စာကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ထံ စာပေးပို့ တိုက်တွန်းလိုက်ပါတယ်။