ကလေးစစ်သား နောက်ထပ် ၅၁ ယောက် ပြန်လွှတ်ပေး
2015.06.04
မြန်မာ့တပ်မတော်မှာ အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၅၁ ယောက်ကို မိဘနေရပ်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ကြေညာပါတယ်။
အခုတကြိမ် လွှတ်ပေးတာဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း စစ်တပ်က ပြန်လွှတ်ပေးတဲ့ ကလေးစစ်သားအရေအတွက်ဟာ ၉၃ ဦးရှိသွားပြီလို့ သိရပါတယ်။
ကလေးသူငယ်များ အခွင့်ရေးချိုးဖောက်မှုများ စောင့်ကြည့်အစီရင်ခံစာတင်ပြနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ CTFMR အဖွဲ့က မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်ချက်ကို ကြိုဆိုလိုက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကလေးစစ်သားလုံးဝပပျောက်သွားတဲ့အထိ ရှေ့တိုးဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ခုဟာ ကလေးစစ်သား စုဆောင်းအသုံးပြုတာတွေရှိကြောင်း ၂ဝဝ၇ ခုနှစ်စပြီး ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ စာရင်းမှာ ထည့်သွင်းဖော်ပြ ခံထားရပါတယ်။