သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-06
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတာနဲ့ ဆက်စပ်လို့ စစ်ဗိုလ်ချုပ်တွေကို အနောက် နိုင်ငံတွေက ပစ်မှတ်ထား အရေးယူပြီး စစ်တပ်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်ပေမဲ့ အာရှနိုင်ငံ တွေက စစ်ကောင်စီကို အရေးယူမယ့် အနေအထားမှာ မရှိနိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
2021-05-06
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၃ လကျော်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာပဲ ကိုဗစ်ရိုက်ခတ်မှုဒဏ်နဲ့ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်သူဦးရေ တိုးလာနေပါတယ်။
2021-05-06
စစ်ကောင်စီက တိပိဋကဓရ၊ ဓမ္မာစရိယစတဲ့ စာမေးပွဲတွေကျင်းပဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး အချိန်မတန်သေးကြောင်း NUG အစိုးရက မဟန ဆရာတော်ကြီးတွေ အပါအဝင် တပြည်လုံးက သံဃာတွေ၊ သီလရှင်တွေကို ပန်ကြားခဲ့ပါတယ်။
2021-05-06
ကရင်ပြည်နယ် ဖာပွန်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေထဲက ကလေး၊ လူကြီး ၂၀၀ ထက်မနည်း ဝမ်းရောဂါ ဖြစ်ပွားနေတယ်။
2021-05-06
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ မေလ ၆ ရက်နေ့က ခရစ်ယာန် အသင်းတော်ဆရာတစ်ဦး အပါအဝင် ဒေသခံ ၁၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်
2021-05-06
မေလ ၆ ရက်နေ့ ဒီနေ့ ညနေပိုင်းမှာ မန္တလေးမြို့ ဆေးပညာမိသားစု Medical Family Mandalay ရဲ့ စစ်အာဏာရူးတွေ နေဝင်စေဖို့ ရည်ရွယ်တဲ့ ဆည်းဆာသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာပါ။
2021-05-06
မေလ ၆ ရက်နေ့ ဒီနေ့ မန္တလေးမြို့မှာ ပြုလုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာဖြစ်ပါတယ်။
2021-05-06
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး မေလ ၆ ရက်နေ့ ဒီနေ့လည်း ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
2021-05-06
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒီနေ့ မေလ ၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်လုံးကျွတ်သပိတ် ပြုလုပ်ခဲ့ပါတယ်။
2021-05-06
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲဖြစ်ပွားလာတဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေက စာသင်ခန်းထဲနေရမယ့် လူငယ်တွေ၊ အကြမ်းမဖက်တဲ့ နည်းနဲ့ မတရားမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ်ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ ဝန်ထမ်းတွေ လက်နက်ကိုင်မယ့်လမ်းကို ရွေးချယ်ဖို့ တွန်းပို့လိုက်ပါတယ်။
2021-05-06
စစ်တပ်က အာဏာသိမ်းပြီးနောက် အသေအပျောက် အဖမ်းအဆီးစာရင်းတွေကို မှတ်တမ်းတင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ကနဦးစာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့သူ အယောက် ၄၀ ကျော်ရှိ နေပါတယ်။
2021-05-06
ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေဟာ မေ ၆ ရက်၊ ဒီနေ့ မွန်းလွဲအချိန် မဟာဗန္ဓုလလမ်းပေါ်မှာ သပိတ်စစ်ကြောင်းများ စုပေါင်းပြီး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
2021-05-06
နိုင်ငံအနှံ့က ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ၂၄ နာရီအတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ တစ်ယောက်နဲ့ ဖမ်းဆီးခံရသူ သုံးယောက် ရှိခဲ့ပါတယ်။ ရန်ကုန်မြို့မှာလည်း MMA လက်ဝှေ့သမား ဖိုးသော်ဟာ ဗုံးပေါက်ကွဲမှုကြောင့် အပြင်း အထန်ဒဏ်ရာရတဲ့ကြားထဲကပဲ အဖမ်းခံထားရပါတယ်။
2021-05-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ် အစိုးရ ရုံးရှေ့မှာ အင်တာနက်လိုင်းဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြလို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ရခိုင်ကျောင်းသား သုံးဦးကို စစ်တွေ မြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။
2021-05-06
ပညာရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီ ကောလိပ်တွေကို နောက်ဆုံးနှစ်ကျောင်းသားတွေ ကျောင်းတက်ကြဖို့ မေလ ၅ ရက် မနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် ကျောင်းသား ၁၀ ရာခိုင်နှုန်းသာ တက်ရောက်ကြပြီး ကျောင်းအနီးဝန်းကျင် ဗုံးပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးစိုးရိမ်ရမှုတွေ ရှိနေပါတယ်။