သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-06
တိုင်းနဲ့ပြည်နယ်အားလုံးမှာရှိတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အတွက် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ထဲက ကျပ်ငွေ ၁ ဒဿမ ၅၉ ဘီလျံ ခွဲဝေသုံးစွဲခွင့် ပြုလိုက်ပါတယ်။ အခုလို ဘတ်ဂျက်ရန်ပုံငွေ သုံးစွဲခွင့် ပြုလိုက်တာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေး ရာဝန်ကြီး ဦးအားတီယောဟန်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2016-10-06
ကရင်ပြည်နယ် မြဝတီမြို့မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ကာစီနို လောင်းကစားရုံတွေဟာ ကြေငြာဆိုင်းဘုတ်တွေ စိုက်ထူပြီး ကြေညာတဲ့အထိ ကျယ်ပြန့်လာတာကြောင့် လောင်းကစားရုံတွေကို ပိတ်သိမ်းဖို့ ပြည်နယ်အစိုးရကို တင်ပြတောင်းဆိုသွားမယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
2016-10-06
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း အပါအဝင် ၃ ဦးအပေါ် ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတဲ့ ရွှေပြည်သာမိုတယ် မန်နေဂျာက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2016-10-06
ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ ကာစီနိုလောင်းကစားရုံတွေဟာ တရားဝင် သဖွယ် ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူပြီး ကြော်ငြာတဲ့အထိ ကျယ်ပြန့်လာ တာကြောင့် လောင်းကစားရုံတွေကို ပိတ်သိမ်း ဖို့ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမယ် လို့ မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
2016-10-06
အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ DKBA ခွဲထွက်အဖွဲ့ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြန်လည်ပူးပေါင်းဖို့ တိုက်တွန်းကြောင်း KNU က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-10-06
မြန်မာ့သဘာဝဓာတ်ငွေ့ တင်သွင်းနိုင်အောင် အိန္ဒိယနိုင်ငံရဲ့ အကူ အညီရရှိဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုး စားနေတယ်လို့ ဒက္ကာမြို့ထုတ် Daily Sun သတင်းစာမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
2016-10-06
မြန်မာနိုင်ငံဟာ အခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇.၈% ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။
2016-10-06
အမေရိကန်ပြည်ထောင်စုမှာ လာရောက် အခြေချနေထိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ၂ဝ၁၈ ခုနှစ်အတွက် Diversity Visa Program (DV-2018) ကို အောက်တိုဘာ ၄ ရက်က စပြီး လျှောက်ထားနိုင်ပါပြီ။
2016-10-06
မိတ္ထီလာမြို့ကနေ ၂ဝ၁၃ ခုနှစ် လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် ဒုက္ခ သည်စခန်းတွေမှာ သွားရောက်နေထိုင်ရာ ကနေ အာဏာပိုင်တွေက နှင်ထုတ်တဲ့အတွက် ပြီးခဲ့တဲ့ စနေနေ့က မူလနေထိုင်ရာ ရန်မျိုးအောင်နဲ့ မင်္ဂလာဇေယျုံ ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်ဖု့ိ ရောက်လာတဲ့ မွတ်စ လင် မိသားစုတချို့ကို ဒေသခံပြည်သူတွေက လက်မခံ ဘဲ မောင်းထုတ်ခဲ့ကြတယ်လို့ ဧရာဝတီသတင်းဌာန က အောက်တိုဘာ ၅ ရက်နေ့မှာ ဖေါ်ပြလိုက်ပါတယ်။
2016-10-05
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင် ရာနေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျ သိဒ္ဒိ ရပ်ကွက် မြနန်းဘုံသာလမ်း အိမ်နံပါတ် ၃၃ မှာ နေထိုင် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်လမ်းထိပ်မှာ အောက်တို ဘာလ ၄ ရက် မနေ့ကစပြီး လုံခြုံရေးရဲကင်း တခုချထားတာ ကို တွေ့ရပါတယ်။
2016-10-05
ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် မှာ ပြင်ဆင်ဖြည့်စွက်ဆွေးနွေးမယ့် ကိုယ်စားလှယ် မရှိတဲ့အတွက် ပြည်သူ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-10-05
ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ထဲ က ငွေကျပ် ၁ ဒဿမ ၅၉ ဘီလျံကို တစ်နိုင် ငံလုံးမှာရှိတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတွေအတွက် ခွဲဝေသုံးစွဲ ဖို့ ပြည်ထောင်စုအစိုးရက ခွင့်ပြုလိုက်ပါတယ်။
2016-10-05
တနင်္သာရီတိုင်းဒေသကြီး တနသာၤရီမြို့ နယ် ကြိမ်ချောင်းတလျှောက်မှာ တရားမဝင် သတ္ထုတူးဖော်နေတဲ့ ကုမ္ပဏီတွေကို ရပ်နားဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်တူးဖော်နေ တာကြောင့် အဲဒီကုမ္ပဏီတွေကို တရားစွဲဆို သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
2016-10-05
အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ DKBA ခွဲထွက်အဖွဲ့အနေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNUနဲ့ ပြန်လည်ပူးပေါင်းဖို့ လက်ခံကြိုဆိုကြောင်း KNU က ဒီကနေ့ ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2016-10-05
ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်ထား တဲ့ ကာစီနိုလောင်းကစားရုံတွေကို စစ်ဆေးတွေ့ရှိရင် ဥပဒေအတိုင်း အရေးယူ သွားမယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း က ပြောပါတယ်။