မြန်မာ့ဓါတ်ငွေ့ ဘင်္ဂလားဒေ့ရှ် လိုချင်
2016.10.06

မြန်မာ့သဘာဝဓာတ်ငွေ့တင်သွင်းနိုင်အောင် အိန္ဒိယနိုင်ငံရဲ့ အကူအညီရရှိဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုးစားနေ တယ်လို့ ဒက္ကာမြို့ထုတ် Daily Sun သတင်းစာမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
အိန္ဒိယရေနံဝန်ကြီးနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးတဲ့အခါ Turkmenistan- အာဖဂန်နစ္စတန်- အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် လေးနိုင်ငံ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့လည်း တင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်နဲ့ စွမ်းအားဝန်ကြီးက အဆိုပြုမယ်လို့ အစိုးရတာဝန်ရှိသူတယောက်က Daily Sun သတင်းစာကို ပြောပါတယ်။
ထိုင်းနဲ့ တရုတ်နိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ကို အများဆုံးဝယ်ယူနေပြီး မကြာခင်နှစ်ပိုင်းတွေမှာ မြန်မာ နိုင်ငံကတင်ပို့တာ ကျဆင်းသွားတဲ့အတွက် ဒီနေရာကို ပြည်တွင်းဝယ်လိုအား တရိပ်ရိပ်ပုံမှန်တက်နေတဲ့ ဘင်္ဂလားဒေ့ရှ်က အစားထိုးနိုင်တယ်လို့ဆိုပါတယ်။
သဘာဝဓာတ်ငွေ့ရည် ဝယ်ယူတင်သွင်းဖို့ လိုအပ်ချက်ကို ပြည့်မီအောင်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင် ရွက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမယ့် ပထမဆုံး အဆောက်အအုံတွေ ကိုလည်း စတင်ဆောက်လုပ်နေပါတယ်။