ဒေါ်အောင်ဆန်းစုကြည်နေအိမ် လမ်းထိပ်လုံခြုံရေးချထား


2016.10.05
dassk-house-naypyitaw-620.jpg နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က နိုငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်လုံခြုံရေးအတွက် အောက်တိုဘာလ ၄ ရက်နေ့ ကစပြီး လုံခြုံရေးချထားသည်ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဒိ ရပ်ကွက် မြနန်းဘုံသာလမ်း အိမ်နံပါတ် ၃၃ မှာ နေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်လမ်းထိပ်မှာ အောက် တိုဘာလ ၄ ရက် မနေ့ကစပြီး လုံခြုံရေးရဲကင်း တခုချထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ISIS တွေက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်ကို ပစ်မှတ်ထားတဲ့ သတင်းတွေကိုလည်း ကမ္ဘာ့သတင်းစာတချို့ မှာ ဖော်ပြခဲ့သလို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အတွင်းစည်း၊ အပြင်စည်းတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့လုံခြုံရေးကို ဆောင်ရွက်နေ တယ်လို့ ပြောဆိုဖူးပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မနေ့ညနေက အတိုင်ပင်ခံရဲ့ အိမ်မှာ ညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။