ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေး စတင်ယူပြီ


2016.04.27
dassk-house-security-620.jpg ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်လုံခြုံရေးအတွက် ဧပြီလ ၂၆ ရက်နေ့ ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူထားစဉ်
Photo: Kyaw Lwin Oo/ RFA

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူလိုက်ပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန် ၃ ရပ်ထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲတွေအတွက် တာဝန်ယူပေး တာလို့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ လုံခြုံရေးယူနေတဲ့  အမှတ် ၃ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ရဲအုပ်အောင်နိုင် မိုး က ပြောပါတယ်။

"ကျနော်တို့က အမှတ် ၃ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကနေ တာဝန်ယူတာပါ၊ စောင့်ကင်းသဘောမျိုးအလုပ်လုပ်မယ်၊ ကင်းရုံကို စောင့်ကင်းအနေနဲ့ ပြန်ကြည့်မယ်၊ ကျနော်တို့ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲအနေနဲ့ အဓိကတာဝန်ယူဆောင် ရွက်တဲ့ အချက် ၃ ချက်ရှိတယ်၊ ဆူပူအကြမ်းဖက်မှု အဓိကရုဏ်းဖြစ်မှု အဲ့ဒါတွေကို ကျနော်တို့ ဆောင်ရွက်တဲ့ ဟာကတစ်ချက်၊ နောက်တခါ အခုလို အရေးကြီး အဆောက်အဦး အရေးကြီးပုဂ္ဂိုလ် သံရုံးသံတမန် လုံခြုံရေး ဒါကတစ်ချက်၊ နောက်တစ်ချက်က ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဆိုပြီး အဲ့ဒီအချက် ၃ ချက်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွေရဲ့ အဓိကတာဝန် ၃ ရပ်၊ အဲ့ထဲမှာမှ ဒီဟာက တစ်ချက်ပါဝင်တယ်"

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၊ ခြံအပြင်စည်း လုံခြုံရေးအတွက် အရာရှိအဆင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးက ၂၄ နာရီ စောင့်ကြပ်ပေးမှာဖြစ်ပါတယ်။ လုံခြုံရေးတာဝန်ကျသူတွေအတွက် ရဲကင်းကို ဆောက်လုပ်ပြီးသွားပြီဖြစ် သလို နေထိုင်ဖို့ အဆောက်အဦးကိုလည်း ဆောက်လုပ်ဖို့ စီစဉ် နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က နှင်းဆီစံအိမ်မှာ နေ ထိုင်တာများပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။