တိုင်းရင်းသားရေးရာဝန်ကြီး ဌာနတွေအတွက် ဘတ်ဂျက် သတ်မှတ်


2016.10.05
arti-yawhan-620.jpg ကချင်ပြည်နယ် အစိုးရအဖဲ့ွ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်ကို အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ထဲက ငွေကျပ် ၁ ဒဿမ ၅၉ ဘီလျံကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတွေအတွက် ခွဲဝေသုံးစွဲ ဖို့ ပြည်ထောင်စုအစိုးရက ခွင့်ပြုလိုက်ပါတယ်။

အခုလို ဘတ်ဂျက်သုံးစွဲခွင့် ရရှိပြီဖြစ်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ တိုင်းရင်းသား ရင်ကြားစေ့ရေးကို အထောက်အကူပြုနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖဲ့ွ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် က ပြောပါတယ်။

"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မျှော်မှန်းချက်က တိုင်းရင်းသား ရင်ကြားစေ့ရေးကို အမြန်ဖြစ်စေချင်တယ်၊ ဒီဘတ်ဂျက်ရမှာသာ ကျနော်တို့က တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်တဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ ရင်ကြားစေ့ရေးကို ပါဝင်ဆောင်ရွက်နိုင်မယ်"

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်တွေကို စတင်သုံးစွဲခွင့်ရမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတွေအတွက် ဝန်ထမ်းတွေလည်း ခန့်ထား ခွင့်ရှိမှာဖြစ်ပါတယ်။ အရင်အစိုးရလက် ထက်က တိုင်းရင်းသားရေးရာဝန်ကြီးတွေအတွက် ဘတ်ဂျက် ခွဲဝေပေးခြင်း မရှိခဲ့ပါဘူး။

အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနအသစ်တခုအနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဌာနကို ပြည်ထောင်စု အဆင့် ထားရှိခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီး ၁ ဦးအပါအဝင် စုစုပေါင်း တိုင်းရင်းသားရေးရာဝန်ကြီး အယောက် ၃၀ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။