DKBA ခွဲထွက်အဖွဲ့ကို KNUနဲ့ ပူးပေါင်းဖို့ ကြေညာချက်ထုတ်ပြန်
2016.10.05

အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ DKBA ခွဲထွက်အဖွဲ့အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ပြန် လည်ပူးပေါင်းဖို့ လက်ခံကြိုဆိုကြောင်း KNU က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
DKBA ကို KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ပါဝင်စေချင်တဲ့အတွက် အခုလိုလာရောက် ပူးပေါင်းဖို့ ကြေ ညာချက်ထုတ်ပြန်တာလို့ KNU အဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲက ပြောပါ တယ်။
''အခုလက်ရှိ DKBA အဖွဲ့ဟာ ကလိုထူးဖော ဗိုလ်ချုပ်နှုတ်ခမ်းမွှေးတို့က ထုတ်ပယ်ခြင်းခံရတဲ့ အဖွဲ့ဖြစ်တာကြောင့် မို့လို့ KNU နယ်မြေအတွင်းမှာလည်း ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် သူတို့လည်း တစ်စုံတရာအားဖြင့် တပ် မတော်နဲ့ BGF ရဲ့ စစ်ဆင်မှုကို ခံရတဲ့အတွက် ကျနော်တို့နယ်မြေဒေသ မှာလည်းပဲ တခြားသော ပြဿနာလေးတွေ ထိခိုက်နိုင်မယ့် အကြောင်းအရာလေးတွေ အင်မတန်မှ စိုးရိမ်တယ်''
အစိုးရတပ်မတော်နဲ့ DKBA ခွဲထွက်အဖွဲ့တို့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသ ခံတွေ ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
DKBA ခွဲထွက်အဖွဲ့အနေနဲ့ KNU နဲ့ လာရောက်ပူးပေါင်းမယ်ဆိုရင်လည်း ခုလိုအစိုးရတပ်မတော်ရဲ့ တိုက်ခိုက် တာတွေ ရပ်တန့်သွားမှာဖြစ်သလို DKBA ခွဲထွက်ဘက်က တစ်ယောက်ချင်း၊ အဖွဲ့လိုက် ဘယ်လိုပုံစံမျိုးနဲ့ မဆို လာရောက်ပူးပေါင်းနိုင်တယ်လို့ ပြောပါတယ်။