မြဝတီမြို့က လောင်းကစားရုံတွေကို အရေးယူမယ့်အကြောင်း မေးမြန်းချက်
2016.10.06
ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ ကာစီနိုလောင်းကစားရုံတွေဟာ တရားဝင်သဖွယ် ကြော်ငြာ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ကြော်ငြာတဲ့အထိ ကျယ်ပြန့်လာတာကြောင့် လောင်းကစားရုံတွေကို ပိတ်သိမ်း ဖို့ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောပါတယ်။
မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။