သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-02
ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရံှု့ချကြောင်းနဲ့ ဒီဖြစ်ရပ်တွေကို မြန်မာအစိုးရအနေနဲ့ တိတိကျကျ စုံစမ်းစစ်ဆေးပြီး အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူတွေ ကို အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ အမေရိကန်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2013-10-02
ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံဒေသ တချို့ကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေ သွားရောက်ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ကြဖို့ တိုက်တွန်းသွားမယ်လို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ဒီနေ့ မိန့်ကြားလိုက်ပါတယ်။
2013-10-02
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးရှိသွားပြီလို့ သိရပါတယ်။ သေဆုံး သူတွေဟာ မွတ်စလင်အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။
2013-10-02
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွားရအောင် ပြည်နယ် အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2013-10-02
ရခိုင်ပြည်နယ်က ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ရခိုင်ရိုးမပေါ်က တိုင်းရင်းသားကျေးရွာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-10-02
လယ်ယာမြေ အသိမ်းခံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အောက်တိုဘာလ ၁ ရက် ဒီကနေ့ ပြန်လည်စတင်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဒုတိယဝန်ကြီးတွေက အသီးသီး ရှင်းလင်းခဲ့ကြပါတယ်။ ဒီကြောင်း RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-10-02
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ဒေသတွင်း ဝါး ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းတွေ တဝက်နီးပါး ကျဆင်းသွားတယ်လို့ ဝါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-10-02
မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ "The Vanishing Tribes of Burma" အမည်နဲ့ ဓာတ်ပုံပြပွဲတခုကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ကနေ ၃ဝ ရက်နေ့အထိ သုံးရက်ကြာ အခမဲ့ ပြသခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-02
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုးထားတဲ့ ယူကလစ်ပင် စိုက်ခင်းတွေကို ဝင်ရောက်ခုတ်ပစ်ခဲ့တဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက် နေ့မှာ ဝင်ရောက်ဖမ်းဆီးရာကနေ ရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပဋိပက္ခမှာ ပါဝင်သူတွေဟာ ကျည်တောင်ကန် ရဲစခန်းမှာ ပြီးခဲ့တဲ့ စနေနေ့က သွားရောက် အစစ်ဆေးခံခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-10-02
မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုရေး အသွင်ဆောင်တဲ့အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွားနေတာတွေကို ထိထိရောက်ရောက်အရေးယူ မဆောင်ရွက်နိုင်ဘူးဆိုရင်၊ ပြဿနာ ပိုမိုကြီးထွားကျယ်ပြန့် လာပြီး၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ထိခိုက်လာနိုင်တယ်လို့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့ လာရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ဆိုလိုက်ပါတယ်။
2013-10-01
ရခိုင်ပြည်နယ်မှာ အင်္ဂါနေ့ညက အခြေအနေတွေ ငြိမ်သက်နေခဲ့ပါတယ်။ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သပြုချိုင်ကျေးရွာနှစ်ရွာမှာ မနေ့က ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ၃ ဦးသေဆုံးပြီး၊ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
2013-10-01
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်း စက်ရုံက ဆန္ဒပြအလုပ်သမားခေါင်းဆောင်နှစ်ဦးကို အကျိုးစီးပွားဖျက်စီးမှု အပါအဝင် ပုဒ်မ ၃ခုနဲ့ စက်ရုံ မန်နေဂျာက တရားစွဲဆိုထားတာကို တောင်ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
2013-10-01
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ချက်သမ္မတနိုင်ငံမှာ ဒီနှစ်ပထမဆုံးကျင်းပမယ့် ဗားဆလပ်ဟာဗဲလ် လူ့အခွင့်အရေးဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ချက်နိုင်ငံကိုရောက်နေပြီလို့ သိရပါတယ်။
2013-10-01
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာရှိတဲ့ ကမ္ဘာ့ပေါင်းစည်းရေးသိပ္ပံ(IGE) အဖွဲ့တို့ ဦးဆောင်ကျင်းပတဲ့ "လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ညီညွှတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေး" ဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ ညီလာခံကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2013-10-01
စက်တင်ဘာလ ၃၀ ရက် မနေ့ကအထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ က လျော်ကြေးမထုတ်ကြတဲ့ ဒေသခံတွေ ရဲ့ လျော်ကြေးငွေတွေကို အောက်တိုဘာလ ၁ ရက်နေ့ ကစပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ထားရှိသွားမယ်လို့ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူက အာအက်ဖ်အေကို ပြောပါတယ်။