ဟုန်ရှင်းစက်ရုံ ဆန္ဒပြခေါင်းဆောင်နှစ်ဦး အာမခံရရှိ


2013.10.01
home-shin-worker-305.jpg မြို့တော်မခန်းမရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများကို စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Thiha Tun

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံက ဆန္ဒပြအလုပ် သမားခေါင်းဆောင်နှစ်ဦးကို အကျိုးစီးပွားဖျက်စီးမှု အပါအင် ပုဒ်မ ၃ခုနဲ့ စက်ရုံမန်နေဂျာက တရားစွဲဆိုထားတာကို တောင်ဒဂုံမြို့နယ်တရားရုံးက  ဒီနေ့ အာမခံပေးလိုက်ပါတယ်။

ကိုယ်ပိုင်ခံန်နဲ့ အာမခံရခဲ့တာဖြစ်ကြောင်း ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ကိုမင်းမင်းက ပြောပါတယ်။

မင်းတို့အမှုကို အာမခံနဲ့ဆိုရင် ကိစ္စပြီးတယ်ပေါ့နော်၊ ကိုယ်ပိုင်အာမခံနဲ့လုပ်ခဲ့တယ်၊ ၁ဝ လပိုင်း ၁၄ ရက်နေ့ကျလို့ရှိရင် ကျနော်တို့ အလုပ်ရှင်ရော၊ အလုပ်သမားရော တရားစွဲဆိုထားတဲ့အမှုနဲ့ နှစ်ဦးစလုံးကို တရားလူကြီးက ခေါ်စစ်မှာခင်ဗျ”

ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ဟုန်ရှင်းစက်ရုံ အလုပ်သမား ၁ဝဝ ကျော်လောက်က တောင်းဆိုချက် ၁ ချက်နဲ့ စက်ရုံရှေ့မှာ  ၂၆ ရက်ကြာ ဆန္ဒပြတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး စက်ရုံမန်နေဂျာက အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦးကို ပုဒ်မ (၃၄၁) ပိတ်ပင်မှု၊ ပုဒ်မ () ခြိမ်းခြောက်မှု၊ ပုဒ်မ (၄၂၇) အကျိုးစီးပွားဖျက်ဆီးမှုတို့နဲ့ တရားစွဲခဲ့တာပါ။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ အလုပ်ရှင်ဘက်က စက်ရုံပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် အလုပ်သမားတွေက စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ညလုံးပေါက်သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပါတယ်။ နောက်နေ့မှာ ရန်ကုန်တိုင်း အလုပ်သမားန်ကြီး ဦးစိုးမင်းတို့က င်ရောက်ဖြေရှင်းခဲ့တာကြောင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ပြေလည်မှုရခဲ့ပါတယ်။

အလုပ်ရှင်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁ဝဝ ကျော်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့က နစ်နာကြေးပေးရာမှာ အလုပ်သမားတွေက လက်ခံခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။