ပဋိပက္ခနေရာတွေကို ၁၀ နိုင်ငံ ဘာသာရေးခေါင်းဆောင်တွေ သွားရောက်မည်


2013.10.02
multi-religious-conference-305.jpg ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို အောက်တိုဘာလ ၂ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Nay Myo Htun

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံဒေသတချို့ကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေ သွားရောက်ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ကြဖို့ တိုက်တွန်းသွားမယ်လို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ဒီနေ့ မိန့်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် RFA ရဲ့ မေးခွန်းကို ဆရာတော်က ခုလိုပြန်လည် မိန့်ကြားလိုက်တာပါ။

"ဒို့ကိုယ်တိုင် အဲဒီလိုအပ်တဲ့နေရာတွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမရတဲ့ နေရာတွေကို ကိုယ်တိုင်သွားမယ်၊ အောက်ကိုလှမ်းညွှန်ကြား၊ ကုလားထိုင်ပေါ်ကထိုင်နေပြီး ဟေ့ကောင်ဘာလုပ်လိုက် ညွှန်ကြားလို့မဖြစ်တာ တိုင်းပြည်မှာကြာလှပြီ၊ ပြောတိုင်းမလုပ်တဲ့လူတွေက တိုင်းပြည်မှာအများကြီးပဲ၊ ဒို့ကတော့ သူများကိုလုပ်ပါလို့ မပြောဘူး၊ တကယ်ကိုယ်လုပ်ဖြစ်တဲ့ဥစ္စာကို ရွေးလုပ်သွားမယ်"

သီတဂူဗုဒ္ဓတက္ကသိုလ်မှာ ငြိမ်းချမ်းရေး ၊ ညီညွှတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေး ဆိုင်ရာခေါင်းစဉ်နဲ့ နှစ်ရက်ကြာဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ဘာသာပေါင်းစုံခေါင်းဆောင်တွေအပြင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့  သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။