သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-02
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေအပေါ် ရှုမြင်သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
2014-01-02
၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ စီးပွားရေးဆိုင်ရာ လေ့လာသူတချို့ရဲ့ အမြင်တွေကို အာဖက်အေ အဖွဲသား ကိုကျော်သူ က ခုလို တင်ပြထားပါတယ်။
2014-01-02
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ထူးခြားတဲ့ဖြစ်ရပ်တွေကို အာဖက်အေက နှစ်ပတ်လည် အထူးအစ်ီအစဉ်အဖြစ် တင်ဆက်မှာဖြစ်ပါတယ်။ အထင်ကရ အဖြစ်အပျက် တချို့ကို အာဖက်အေ အဖွဲ့သူ ဒေါ်ခင်ခင်အိက တင်ပြပါမယ်။
2014-01-02
၂ဝ၁၃ ခုနှစ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ့ အပြောင်းအလဲအတွက် ကြိုးပမ်းမှုတွေထဲက တချို့ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်း တင်ပြထားပါတယ်။
2014-01-02
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်း ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေရဲ့ သုံးသပ်ဝေဖန်ချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်း တင်ပြထားပါတယ်။
2014-01-02
ပြီးခဲ့တဲ့၂ဝ၁၃ခုနှစ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းချက်တွေကို RFA ဝိုင်းတော်သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2014-01-02
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ထီပေါင်း ကျေးရွာအုပ်စု- ထာငိုကျေးရွာအနီးက ဘိန်းခင်းတွေကို ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့နဲ့ ထာငိုရွာသားတွေ ပူးပေါင်း ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖျက်ဆီးခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အချက်တွေထဲမှာ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သား သမီးတွေ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်အကြံပြုခဲ့တာဟာ ဥပဒေနဲ့ ကိုက်ညီမှု လုံးဝမရှိဖူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။
2014-01-01
ကရင်ပြည်နယ် ဘားအံမြို့မှာ မကြာခင်ပြုလုပ်မယ့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ဒုတိယ အကြိမ် ညီလာခံအပြီးမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ထိုးနိုင်မယ့် ရက်ကို ကြေညာနိုင်လိမ့်မယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်း က ပြောလိုက်ပါတယ်။
2014-01-01
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်၊ ထိယာလိကျေးရွာက လယ်သမား ၅ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်းက အသိမ်းခံထားရတဲ့ လယ်တွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့ မှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးကနေ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အကျိုးစီးပွား ဖျက်စီးမှု ပုဒ်မ ၄၂၇ တို့နဲ့ မနေ့က ထောင်ဒဏ် ၂လ ချမှတ်လိုက်ပါတယ်။
2014-01-01
ထိုင်းနိုင်ငံ လယောင်းမြို့မှာ မြန်မာ အလုပ်သမား ၂၀၀ နီးပါးလောက်နဲ့ ဒေသခံ ထိုင်းလူမျိုးတွေ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တဲ့နောက် အဲဒီအထဲက မြန်မာ အလုပ်သမား ၁၅၀ နီးပါးလောက်ကို လယောင်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
2014-01-01
ဒီကနေ့ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးပွဲတော် အခမ်းအနားကို KNU ကရင်အမျိုးသား အစည်းအရုံး၊ BGF ကရင်နယ်ခြားစောင့် တပ်ဖွဲ့၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီစတဲ့ ကရင် လက်နက်ကိုင် အဖွဲ့အစည်း သုံးခုပေါင်းပြီး ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုမြိုင်ဒေသမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
2014-01-01
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်ရာမှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ မွတ်စလင် အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်း ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား (၆) ဦးသေဆုံးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-01-01
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အကြံပြုချက်ပေါင်း သုံးသိန်း နှစ်သောင်း သုံးထောင်ကျော် လက်ခံရရှိထားတယ်လို့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2014-01-01
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီကနေ့ အင်းစိန်ထောင်က လွတ်မြောက်လာသူတွေ၊ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင်တွေကို မေးမြန်းပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။